APM ၊ ဂျူလိုင် ၅ / ၂၀၂၃
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်လမွန်မြို့နယ်ဟိ နောင်ဆဒေါင်လမ်းတွင် ဂျူလိုင် ၄ ရက်နိ၊ မိုးထ ၁ နာရီလောက်က အရက် မူးပြီး ဆိုင်ကယ်မောင်းလာသည့် မြန်မာတယောက် လမ်းဘေးမီးတိုင်ကို ဝင်တိုက်မိ၍ သီဆုံးလားကြောင်း သိရသည်။
သီဆုံးသူမှာ အသက် ၃၀ အရွယ် ဦးခိုင်အောင်လင်း ဆိုသူဖြစ်သည်။
၎င်းသည် ပါတီတခုမှအရက်သောက်၍ ဆိုင်ကယ်နန့်ပြန်လာရာမထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်မိရာ ဦးဂေါင်းတွင် ဒဏ်ရာ ပြင်းပြင်းထန် ထန်ရလားကာပွဲချင်းပြီး သီဆုံးလားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
သီဆုံးသူ ၏ ရုပ်အလောင်းကို ဖတ္ထယာလူမှုကူညီရီးအသင်းကားဖြင့် ဘန်လမွန်ဆီးရုံ ကြီးသို့ ပို့ဆောင်ပီးခကြောင်း သိရ သည်။
အခင်းဖြစ်စဉ်နန့်ပတ်သက်၍ ဘန်ကောက်မြို့မရဲစခန်းတွင် သီမှုသီခင်းဖွင့်ထားပြီး သီဆုံးသူ၏ ဈာပနအခမ်းအနားအတွက် ဆွေမျိုးသားချင်းများကို ဆက်သွယ်ထားသည်ဟု သိဟိရသည်။
Source – Intoxicated Burmese Motorcyclist Crashes into Power Pole near Pattaya and Dies/ The Pattaya News
Photo – The Pattaya News