
APM ၊ ဂျူလိုင် ၅ / ၂၀၂၃
စစ်ကောင်စီကျင်းပမည့် ရွီးကောက်ပွဲအတွက် ရက္ခိုင်က မှတ်ပုံတင်ထားသည့် နိုင်ငံရီးပါတီ ၆ ခုထဲမှ ပါတီ ၅ ခုကို စစ်ကောင်စီက နိုင်ငံရီးပါတီအဖြစ်ရပ်တည်ခွင့်ပြုထားသည်။
အဆိုပါပါတီများမှာ ရက္ခိုင့် ဦးဆောင်ပါတီ AFP၊ ရက္ခိုင်ပြည်အမျိုးသား အင်အားစုပါတီ RSNUP ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရီးပါတီနန့် မြိုတိုင်းရင်းသားဖွံဖြိုးရီး ပါတီရို့ဖြစ်ကတ်သည်။
ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၆ ခုထဲမှ ခွင့်မပြုသိမ့်ဘဲကျန်နီသည့်ပါတီမှာ ရက္ခိုင်အမျိုးသားပါတီ ANP ဖြစ်သည်။
စစ်ကောင်စီက မြန်မာပြည်တွင် လွတ် လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွီးကောက်ပွဲကို ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း နန့် အနိုင်ရပါတီကို ဒီမိုကရေစီစံ နှုန်းများနန့်အညီ အာဏာလွှဲအပ်ရီးကို မဖြစ်မနီဖော်ဆောင်မည်ဟု ပြောကြားထားကေလေ့ ဇာအချိန်တွင် ရွီးကောက်ပွဲကျင်းပမည်ဟု ကြေညာ ထားခြင်း မဟိသိမ့်ပါ။
ရက္ခိုင်အပါအဝင် မြန်မာပြည်တပြည်လုံးအတိုင်းအတာနန့် မှတ်ပုံတင်ခွင့်တင်ထားသည့် နိုင်ငံ ရီးပါတီ ၅၀ ဟိပြီး ယင်းအထဲ မှ ဂျူလိုင် ၃ ရက်နိထိ နိုင်ငံရီးပါတီအဖြစ် ပါတီ ၃၀ ကို ဆက်လက် ရပ်တည် ခွင့်ပြုထားပြီးဖြစ်ကြောင်းသိရသည်။
