APM၊ ဂျူလိုင် ၅ / ၂၀၂၃
မူဆလင်များလူမျိုးတုန်းသတ်ဖြတ်ခံရမှုကိစ္စ စုံစမ်းစစ်ဆီးရန်အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှိနီချုပ် ခရင်းမ်ခန်း နန့်အဖွဲ့သည် ဂျူလိုင် ၄ ရက်နိမှစကာ ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ရောက်ဟိနီကြောင်း ဘင်္ဂလားဒေ့ချ်သတင်းများကဖော်ပြသည်။
ICC ရှိနီချုပ် ခရင်းမ်ခန်း နန့်အဖွဲ့သည် မြန်မာစစ်တပ်က မူဆလင်များအပေါ်ကျူးလွန်ခသည့် ဂျီနိုဆိုက်အမှုအတွက် စုံစမ်း စစ်ဆီးရန် ဘင်္ဂလားဒေ့ချ်တွင် လေးရက်ကြာရောက်ဟိနီခြင်းဖြစ်ပြီး ဂျူလိုင် ၄ ရက်နိက ဒါကာမြို့တွင် နိုင်ငံခြားရီးဝန်ကြီး အဗ္ဗဒူလ် မိုမင်နန့် တွိဆုံခကြောင်း သိရသည်။
တွိဆုံဆွေးနွေးမှုအတွင်း မူဆလင်လူမျိုးတုန်းသတ်ဖြတ်ခံရသည့်အမှုကို အယင်ဆုံးပြီးပြတ်အောင်ဖြီယှင်းပီးရန် ICC ဂေါင်းဆောင်များကို ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရီးဝန်ကြီးက တောင်းဆိုခသည်။
တရားမျှတမှု နှောင့်နှေးနီခြင်းသည် နစ်နာသူများအတွက်တရားမျှတမှုကို ဆုံးယှုံးခြင်းဖြစ်ကြောင်းနန့် အမှုကိစ္စစုံစမ်းစစ်ဆီး မှုနန့်ပတ်သက်၍ လေ့ ICC မှတောင်းဆိုသည့် အကူအညီများကို ဘင်္ဂလားဒေ့ချ်အစိုးရမှ ဖြစ်နိုင်သမျှ ပံ့ပိုးကူညီပြီး ပူးပေါင်း ဆောင်ရွက်လားမည်ဟုလေ့ ဝန်ကြီး အာမခံပြောကြားခကြောင်း သိဟိရသည်။
ခရီးစဉ်အတွင်း ကော့ဘဇားက မူဆလင်ဒုက္ခသည်များနန့် တွိဆုံမည်ဖြစ်ကာ တရားမျှတမှုရရန် ICC ကလုပ်နီသည့် ကိစ္စရပ် များကို ယှင်းပြလားမည်ဟု ထုတ်ပြန်ထားသည်။
ပြီးခသည့် ၂၀၁၇ ခုနှစ်၊ သြဂတ်စ်လက မြန်မာစစ်တပ်၏ နယ်မြီယှင်းလင်းရီးအတွင်း မူဆလင်များအပေါ် ကျူးလွန်ခသည့် ရာဇဝတ်မှုများကို စစ်ဆီးမည့် ICC၏ စုံစမ်းစစ်ဆီးရီးအဖွဲ့ကို ရှိနီချုပ် ခရင်းမ်ခန်းက ဦးဆောင်နီခြင်းဖြစ်သည်။
Source – Bangladesh foreign minister urges ICC prosecutor to expedite trial of Rohingya ‘genocide’
Photo – Ministry of Foreign Affairs, Bangladesh