
APM ၊ ဂျူလိုင် ၅ / ၂၀၂၃
မြန်မာစစ်တပ်က ဖမ်းဆီးပြီး၊ မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (က)နန့် တရားစွဲခံထားရသည့် ကျောက် ဖြူမြို့ခံနှစ် ယောက်အမှုကို ဂျူလိုင် ၄ ရက်နိက အပြီးသတ်အမိန့်ချရန် ရုံးချိန်းထားကေလေ့ အမိန့်မချခဘဲ လာမည့် ဂျူလိုင် ၁၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြန်ကြောင်း သိရသည်။
ရုံးချိန်းရွှိခံရသူနှစ်ယာက်မှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁ နှစ်) နန့် ဒေါ်ခင်အုန်းနွဲ့ (၅၆နှစ်) ရို့ဖြစ် ကတ်ပြီး အမှုတွင် လိုပြသက်သီများအားလုံးကို စစ်ဆီးပြီး၍ အပြီးသတ်အမိန့်ချရန်ရာ ကျန်နီသည်။
ကုန်ခသည့် ဂျုန် ၂၀ ရက်နိကပင် အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းခကေလေ့ အထက်လူကြီးက အမိန့်ချခွင့်မပီးသိမ့်ဟုဆို ကာ ဂျူလိုင် ၄ ရက်နိသို့ ရုံးချိန်းရွှိထားခပြီး ဒေဂု ဂျူလိုင် ၄ ရက်နိရုံးချိန်းတွင်လေ့ အမိန့်မချခဘဲ ဂျူလိုင် ၁၈ ရက်နိသို့ ထပ်ရွှိ လိုက်ပြန်သည်။
ဦးသန်းလှိုင်နန့် ဒေါ်ခင်အုန်းနွဲ့ရို့ကို ကုန်ခသည့် ၂၀၂၃ ခုနှစ်၊ မေ ၂၆ ရက်နိက ကျောက်ဖြူအခြီစိုက်မြန်မာစစ်တပ်ခလရ (၃၄)တပ်ရင်းမှဖမ်းလားခခြင်းဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်ကို ULA/AA အတွက် ငွေကြေးကောက်ခံသည်ဟု စွပ်စွဲကာ ခလရ (၃၄) တပ်ရင်းမှ ဗိုလ် ရဲသက်ဇော် တရားလို လုပ်၍ ၅၀၅(က) နန့် ကျောက်ဖြူမြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိ ၎င်းရို့နှစ်ယောက်အား ကျောက်ဖြူထောင်ချုပ်တွင်ထိန်းသိမ်းချုပ်နှောင်ထားပြီး၊ အပြီးသတ်အမိန့်ချရန် ရုံးချိန်း အကြိမ်ကြိမ် ရွှိဆိုင်းခံနီရသည့်အပြင် အမှုရင်ဆိုင်နီရသည်မှာလေ့ ၁ နှစ်ကျော်ကြာမြင့်လာ၍ စွပ်စွဲခံရသူများ၌ နစ်နာနီ ကတ်ရကာ အယင်ဆုံး အမိန့်ချပီးရန် မိသားစုဝင်များက တောင်းဆိုနီကတ်သည်။

