
APM၊ ဂျူလိုင် ၅/ ၂၀၂၃
ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) ဌာနချုပ်ဟိရာ လိုင်ဇာမြို့နားက နမ်ဆန်ယန်ရွာနားတွင် ဂျူလိုင်ပထမပတ်အတွင်း မြန်မာစစ်တပ်နန့် KIA ရို့အကြား တိုက်ပွဲများပြင်းထန်နီပြီး စစ်ဖီးယှောင်နီရာမှ နီရပ်သို့ပြန်လာသော နမ်ဆန်ယန်ရွာသားများ မှာ ထပ်မံ ထွက်ဗြီးတိမ်းယှောင်နီကတ်ရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနီသည့် ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွာသည် KIA ဌာနချုပ် လိုင်ဇာနန့် ၆ မိုင်လောက်ရာ ကွာပြီး တိုက်ပွဲများ ပြင်းထန်သဖြင့် နမ်ဆန်ယန်ရွာက သက်ကြီးရွယ်အိုနန့် အချေသူငယ်များအပါအဝင် အရပ်သားတထောင်ကျော်ရို့ ဝိုင်းမော် မြို့နန့် ဘုရားကျောင်းများ၊ ဆွေမျိုးများဟိရာကျေးရွာများသို့ ထွက်ဗြီးနီရသည်ဟု ဒေသခံများက ဆိုသည်။
နမ်ဆန်ယန်ရွာတွင် အိမ်ထောင်စု နှစ်ရာနန့် လူဦးရေ တထောင်ကျော်ဟိပြီး ပြီးခသည့် ၂၀၁၁ ခုနှစ်ကဖြစ်ပွားခသည့် မြန်မာ စစ်တပ်နန့် KIA အကြား တိုက်ပွဲများကြောင့် နီရပ်စွန့်ခွာထွက်ဗြီးနီခရသည်။
ယင်းနောက် စစ်ဖီးယှောင်များသည် နီရပ်သို့ တဆတ်ဆတ်ပြန်လာနီထိုင်ရန် ကြိုးပမ်းနီကတ်ချိန်မှာ အဂုပိုင် ထပ်ထွက်ဗြီး ကတ်ရခြင်းဖြစ်သည်။
KIO သတင်းနန့် ပြန်ကြားရီးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မြန်မာစစ်တပ်ဖက်မှ နမ်ဆန်ယန်ရွာကို ထိန်းချုပ်ရန်ရည်ရွယ် ကာ စစ်အင်အားထပ်မံတိုးချဲ့ အားဖြည့်လာမည်ဆိုပါက တိုက်ပွဲများ ပို၍ ပြင်းထန်လာနိုင်ကြောင်း ပြောသည်။
တိုက်ပွဲများကြောင့် ဗန်းမော်-မြစ်ကြီးနားလမ်းကို ပိတ်ထားရပြီး လိုင်ဇာခရိုင်အတွင်း မြန်မာစစ်တပ်ဖက်က စစ်ရီးလှုပ်ယှား မှုများ ဆက်တိုက်ပြုလုပ်နီသဖြင့် ပြည်သူများအနီနန့် သတိထားလားလာကတ်ရန် KIOက ဂျူလိုင် ၄ ရက်နိတွင် သတိပီး ချက် ထုတ်ပြန်ထားသည်။
Photo – kachinwaves
