
APM ၊ ဂျူလိုင် ၅ / ၂၀၂၃
ချန်ပီယံသျှိကလပ် လိဒ်ယူနိုက်တက်အသင်းသည် မိုချန်ဂလာဘတ် အသင်းနည်းပြဟောင်း ဒန်နီရယ်ဖာကီကို ၄ နှစ်စာချုပ် ဖြင့် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဂျူလိုင် ၄ ရက်နိက အတည်ပြုပြောကြားသည်။
“ကလပ်အသင်းမှာ အယင်ဆုံး စည်းလုံးညီညွတ်မှုကို တည်ဆောက်ပနာ ကျနော့် ဝန်ထမ်းတိ၊ ကဇတ်သမားတိနန့် တတူ လက်တွဲလုပ်ဆောင်လားပါဖို့။ ဒေအချိန်က မျှော်လင့်ချက်တိကို ဖြည့်ဆည်းဖို့ ကျနော့် တာဝန်ဆိုစွာကို ကျနော် သိပါရေ” ဟု ဒန်နီရယ်ဖာကီက ပြောသည်။
ယင်းအပြင် လိဒ်ဒုဥက္ကဌ ကလေ့ “ချန်ပီယံသျှိမှာ ဒန်နီရယ်ဖာကီ၏ စံချိန်က ယှင်းလင်းပါရေ။ သူ့ဂေါင်းဆောင်မှုနန့် ပရီးမီး ယားလိဂ်ကို ပြန်လမ်းပြပီးဖို့ အစီအစဉ်ကို ကျနော် သဘောကျပါရေ”ဟု ဆိုသည်။
အသက် ၄၆ နှစ်အရွယ် ဒန်နီရယ်ဖာကီ သည် ၂၀၂၂-၂၀၂၃ ရာသီတွင် ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလာဘတ် အသင်း၌ နည်းပြအဖြစ်တာဝန်ယူခပြီး အသင်းအား အဆင့် (၁၀) သို့ရောက်အောင် ဦးဆောင်ပီးခသူဖြစ်သည်။
Source – Daniel Farke: Leeds United appoint former Norwich City boss
Photo – The Sun
