APM၊ ဂျူလိုင် ၅/ ၂၀၂၂
၂၀၂၂ခုနှစ်၊ ဂျူလိုင်(၄)ရက်နိ မြန်မာ-ထိုင်း နယ်စပ်၊ ကရင်ပြည်၊ KNLA တပ်မဟာ(၅) ဧရိယာထဲဟိ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတခုအား စစ်ကောင်စီတပ်မှ လီကြောင်းတိုက်ခိုက်မှု ကြောင့် အသက်ပီးဆပ်စွန့်လွှတ်ခရသော ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် (၆)ဦးစာရင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ဒေနိ(ဂျူလိုင် ၅ ရက်နိ)တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ လီကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးလားခရသော AA တပ်ဖွဲ့ဝင် (၆) ဦးမှာတပ်သား ကျော်ဦးလှိုင် (ရသေ့တောင်မြို့နယ်)၊ တပ်သားကျော်ဆန်းဌေး(ပုဏ္ဏားကျွန်းမြို့နယ်)၊တပ်သား ထွန်းထွန်းလင်း (ပလက်ဝမြို့နယ်)၊ တပ်သားဘိုသန်းကျော်(ကျောက်တော်မြို့နယ်)၊ တပ်သားနေဇော်ဦး(ရသေ့တောင်မြို့နယ်)၊ တပ်သားဇာနည်ဝင်း(မြေပုံမြို့နယ်) ရို့ဖြစ်ကတ်သည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ လီကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရလားသည့် တပ်ဖွဲ့ဝင်များလေ့ ဟိနီပြီး၊ စခန်းအတွင်းက ဆီးရုံ ဆီးခန်း၊ စက်ခြုပ်စက်ရုံအပါအဝင် အဆောက်အအုံတချို့ ပျက်စီးဆုံးယှုံး လားခကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ဂျက်တိုက်လီယာဉ် (၂)စီးသည် မြန်မာ-ထိုင်းနယ်စပ်အနားဟိ AAတပ်စခန်းအား မြန်မာဖက် (ကရင်ပြည်ထဲ)မှ တိုက်ခိုက်ခပြီးနောက် ထိုင်းနိုင်ငံလီပိုင်နက်အတွင်းသို့ ဝင်ရောက်လားခသည်ဟုလေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က သတင်းထုတ်ပြန်ထားသည်။
(Zawgyi)
၂၀၂၂ ခုနှစ်၊ ဂျူလိုင် (၄) ရက်နိ မြန်မာ-ထိုင်း နယ်စပ်၌ စစ်ကောင်စီတပ်၏ လီကြောင်းတိုက်ခိုက်မှုကြောင့် အသက်ပီးဆပ်စွန့်လွှတ် ခရသော ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် (၆)ဦး စာရင်းကို ULA/AA ထုတ်ပြန်
APM၊ ဂျူလိုင် ၅/ ၂၀၂၂
