
APM ၊ ဂျုန် ၅ /၂၀၂၃
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဂျုန် ၄ ရက်နိက တောင်ပြိုမှုကြောင့် လူ ၁၉ ယောက်သီဆုံးပြီး ၅ ယောက် ပျောက်ဆုံးနီကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။
ပြိုကျမှုဖြစ်ပွားခသည့် တောင်တန်းသည် Leshan မြို့၊ Yongsheng မြို့ နယ်ဟိ အစိုးရပိုင်သစ်တောခြံအနားတွင်ဟိပြီး ဂျုန် ၄ရက်နိ မိုးထ ၆ နာရီအချိန်ခန့်က ပြိုကျခခြင်းဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြထားသည်။
အဆိုပါ တောင်ပြိုမှုအတွင်း ညည့် ၈ နာရီအထိ လူ ၁၉ ယောက် သီဆုံးကြောင်းကိုအာဏာပိုင်များကအတည်ပြုခပြီး ပြိုကျ ရသည့် အကြောင်း ရင်းကို စုံစမ်းနီဆဲဖြစ်သည်ဟုဆိုသည်။
တောင်မပြိုကျမီ နှစ်ရက်အလိုတွင် Leshan မြို့၌ မိုးပြင်းပြင်းထန်ထန်ရွာသွန်းခကြောင်း မိုးလီဝသအချက်အလက်များက ဖော်ပြထားသည်။
အထူးသဖြင့် တရုတ်နိုင်ငံ၏ ကျေးလက်နန့် တောင်တန်းဒေသများတွင် မိုးရာသီအတွင်း မြီပြိုမှုမှာ မကြာမကြာ ဖြစ်လိဟိ ကြောင်းသိရသည်။
Photo – China mountain collapse: 14 killed, 5 missing in Sichuan province
Photo NDTV.com
