
APM၊ ဂျုန် ၅ / ၂၀၂၃
ဖျက်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားခရသည့် ရက္ခိုင်မှာ မုန်တိုင်းအလွန်ကာလ၌ အငတ်ဖီးနန့် ရောဂါဖီးကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ မြန်မာပြည်ဆိုင်ရာ ဌာနီကိုယ်စားလှယ် ထိုက်တန် မစ်ထရာက ပြောကြားသည်။
ရက္ခိုင်မှာ မုန်တိုင်းတိုက်ခတ်အပြီး ၂ ပတ် ကျော်ကြာလာသည့် လက်ဟိအချိန်ထိ ကူညီထောက်ပံ့မှုများလုံလုံလောက် လောက် မရသည့်အပြင် မုန်တိုင်းကြောင့် မျိုးစပါးများပျက်စီးဆုံးယှုံးခရပြီးနောက် ထိုက်တန် မစ်ထရာက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မုန်တိုင်းသင့် ဒေသတိက အိမ်ထောင်စုတိမှာ သူရို့၏ စိုက်ပျိုးရီးအတွက် မျိုးစိတိ လုံးဝဆုံးယှုံးလားရပါရေ။ သူရို့ကို ထိ ရောက်တေအကူအညီတိရာ မပီးနိုင်၊ ဒေမိုးရာသီမှာရာ စားနပ်ရိက္ခာအတွက် စိုက်ပျိုးရီးလုပ်ငန်းတိ မလုပ်ဆောင်နိုင်ခ ဆိုကေ လာဖို့နှစ် အငတ်ဖီးနန့် ရင်ဆိုင်ရနိုင်ပါရေ ဟု မစ်ထရာက ဆိုသည်။
ယင်းအပြင် ရက္ခိုင်ဟိ မုန်တိုင်းသင့်ဒေသများတွင် လက်တလော၌ သန့်ယှင်းသည့် သောက်သုံးရီ အရင်းအမြစ်များရဟိ နိုင်ရီး အချိန်နန့် တဗြီးညီလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နီကြောင်းနန့် ယင်းသို့မလုပ်ဆောင်နိုင်ပါက သောက်သုံးရီ ယှားပါးကာ မသန့်ယှင်းသည့် ရီကိုသောက်သုံးနီကတ်ရ၍ နောက်ဆက်တွဲ ရောဂါကူးစက်ပြန့်ပွားမှုပါကြုံတွိရနိုင်ကြောင်း လေ့ ၎င်းက ပြောကြားခသိမ့်သည်။
ရက္ခိုင်ပြည်ဟိ သောက်သုံးရီးကန်များအပြားမှာ မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းနန့်အတူ ပင်လယ် ရီဝင်ရောက်ခကေလေ့ မုန်တိုင်းသင့်ဒေသအများစုမှာ သောက်သုံးရီယှားပါးသည့်အတွက် ယင်းရီကိုရာ သောက် သုံးနီကတ်ရကာ ဝမ်းပျက်၊ဝမ်းလျှောရောဂါအပြင် အရီပြားရောဂါများကိုပါ ခံစားနီကတ်ရကြောင်း သိဟိရသည်။
