APM၊ ဂျုန် ၆ / ၂၀၂၃ (သွယ်သွယ်မိုး)
၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမိန်းပွဲအောင်စာရင်းကို မြန်မာတပြည်လုံး သက်ဆိုင်ရာမြို့နယ်အလိုက် စာစစ်ဌာန အသီးသီးတွင် လာမည့် ဂျုန် ၉ ရက်နိ မိုးထ ၆ နာရီမှစ၍ တပြိုင်တည်း ထုတ်ပြန်ကြေညာမည်ဟု မြန်မာပြည် စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါ အောင်စာရင်းထုတ်ပြန်သည့်နိတွင် မြန်မာပြည်စာစစ်ဦးစီးဌာန၏ Website စာမျက်နှာဖြစ်သည့် www.myanmarexam.org တွင်လေ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အောင်စာရင်း နန့် ပတ်သက်၍ မယှင်းလင်းပါက စာစစ်ဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်မိန်းမြန်းနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအပြင် အခက်အခဲတချို့ကြောင့် အင်တာနက် အဆက်အသွယ်မရနိုင်သည့် စာစစ်ဌာနများ၏ အောင်စာရင်းများကိုလေ့ ရီဒီယိုမှ တဆင့် ကြေညာပီးလားမည်ဟု ဆိုသည်။
ပြီးခသည့် ၂၀၂၁-၂၀၂၂ နှစ် တက္ကသိုလ်ဝင်စာမိန်းပွဲအောင်စာရင်းကိုလေ့ ၂၀၂၂ ခုနှစ် ဂျုန် ၁၇ ရက်နိတွင် ထုတ်ပြန်ကြေညာ ခပြီး မြန်မာတပြည်လုံးအတိုင်းအတာနန့် ဖြေဆိုသူ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းအောင်မြင်ခကြောင်း သိဟိရသည်။