APM၊ ဂျုန် ၅/၂၀၂၂
ပလက်ဝမြို့၊ပလုတ်တောင် ရပ်ကွက်မှ ရခိုင်အမျိုးသား ဦးမဲကျော့(၅၀ နှစ်)ကို ဂျုန် ၄ ရက်နိမှာ စစ်ကောင်စီတပ် က ဖမ်းဆီးခေါ်ဆောင်လားခကြောင်း သိရသည်။
ဦးမဲကျော့ကို ဂျုန် ၄ ရက်နိ ညည့် ၉ နာရီခွဲတွင် ပလက်ဝမြို့ မီးသတ်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ် တပ်မ(၁၁)က တပ်ဖွဲ့ဝင် ၉ ယောက်ခန့်မှ လာရောက်ဖမ်းယူလားကြောင်း မျက်မြင်ဒေသခံတယောက် က ပြောသည်။
“အိမ်ကနီ ဖမ်းလားစွာပါ။ စစ်သား ၉ ယောက်လောက်ပါပါရေ။ ဇာကြောင့်ဖမ်းရေဆိုစွာတော့ မသိ”ဟု ဆိုသည်။
ယင်းနောက် ဦးမဲကျော့ကို သဘာဝဆိပ်ကမ်းသို့ခေါ်လားခပြီး ယင်းဆိပ်ကမ်းမှတဆင့် စက်လှီတစီးဖြင့် ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ယူလားကာ လက်ဟိအချိန်ထိ မိသားစုများနန့် အဆက်အသွယ်မရသိမ့်ဟု သိရသည်။
ဦးမဲကျော့သည် ပလက်ဝမြို့မဈီးတွင် ဈီးရောင်းနီသူတယောက်ဖြစ်သကဲ့သို့ ပြီးခသည့် မေ ၂၆ ရက်နိက ရက္ခိုင့် တပ်တော် (AA)နန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲဖြစ်ပွားခသည့် ပလက်ဝမြို့နယ်၊ အဘောင်သားရွာ အနားတွင်လေ့ တောင်ယာလုပ်ငန်း လုပ်ကိုင်နီသူ ဖြစ်သည်။
ယင်းနည်းတူ AA နန့် စစ်ကောင်စီတပ်ရို့ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ အဘောင်သားရွာ အုပ်စုအုပ်ချုပ်ရီးမှူးနန့် ဆယ်အိမ်မှူးနှစ်ယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းယူလားခပြီး ဆယ်အိမ်မှူးနှစ်ယောက်ကတော့ ၂ ရက်အကြာ မေ ၂၈ ရက်နိမှာ ပြန်လွတ်လာကေလေ့ အုပ်စုအုပ်ချုပ်ရီးမှူးကိုတော့ လက်ဟိအချိန်ထိပြန်လွှတ်မပီးသိမ့်ဟု မိသားစုဝင်များကဆိုသည်။
ပြီးခသည့် မေ ၃၀ ရက်နိကလေ့ အဘောင်သားရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်းအား ၆၀ ခန့် ဝင်ရောက် လာပြီး ရွာသားများကို ရိုက်နှက်၍ ဖုန်းများကို သိမ်းယူ စစ်ဆီးကာ အချေများ၊ အမျိုးသမီးများ နန့် သက်ကြီးရွယ်အို များ အပါအဝင် ရွာသားအားလုံးနီပါးကိုလေ့ ဆူးပုပ်တောင်သို့ ဖမ်းခေါ်လားခသည်။
ယင်းဖမ်းဆီးခံရသူရွာသားများထဲမှ ရွာသားတချို့ကို ပြန်လွှတ်ပီးလိုက်ကေလေ့ အများစုကို ပလတ်ဝ အခြီစိုက် ခမရ (၂၈၉) တပ်ရင်းတွင်စစ်ကောင်စီတပ်သားများက လူမဆန်စွာဝိုင်းဝန်းရိုက်နှက်စစ်ဆီးပြီး ရွာကိုလေ့ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက် တပ်စွဲနီကြောင်း ပြန်လွတ်မြောက်လာသူ ဒေသခံများ ပြောကြားချက်အရ သိဟိရပါသည်။
