
(မောင်တောက တာဝါတိုင်စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နခခ (၁) ကျီးကန်းပြင်နန့် နခခ(၁၀)လှပိုးခေါင်စခန်းရို့ကိုလည်း အပြီးပြတ် သိမ်းပိုက်ထားပြီး၊ အမ်းက တောဟိန်းတောင် ဗျူဟာကို ဆက်လက်ထိုးစစ်ဆင်နီကြောင်း အာရက္ခတပ်တော် ထုတ်ပြန် )
APM၊ မေ ၄ /၂၀၂၄
အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြီစိုက် စကခ (၁၅) တပ်မဌာနချုပ်နန့် ၎င်းလက်အောက်ခံ တပ်ရင်းတိဖြစ်တေ ခမရ(၅၅၁) ၊ ခမရ (၅၆၅) ၊ ခမရ(၅၆၄)နန့် ခမရ(၅၅၂) ရို့ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တေလို့ အာရက္ခတပ်တော် AA က ဒေနိ(မေ ၄ ရက်နိ)မာ သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ “စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေ ၂ ရက်နိမာလည်းကောင်း၊ ခမရ (၅၅၁) ကို မေ ၃ ရက်နိမာလည်းကောင်း၊ ခမရ (၅၆၅)ကို ဧပြီ ၂၄ ရက်နိမာလည်းကောင်း၊ ခမရ (၅၆၄) ကို ဧပြီ ၅ ရက်နိမာလည်းကောင်း၊ ခမရ (၅၅၂) ကို မာ့ချ် ၂၅ ရက်နိမာလည်းကောင်း အသီးသီးသိမ်းပိုက်ခရေ”လို့ ဆိုပါရေ။
ယင်းအထဲ စကခ(၁၅)တပ်မဌာနချုပ်ကို ကာလအင်တန်ကြာ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားခပြီးကေ ဧပြီနောက်ဆုံးအပတ်အတွင်း ထိုးစစ်အယှိန်မြှင့်ပနာ ၁၂ ရက်ကြာအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခပြီးမှ သိမ်းပိုက်ရယူနိုင်ခစွာလို့ ဖော်ပြထားပါရေ။
စခန်းသိမ်းတိုက်ပွဲတိအတွင်း လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းတိနန့် လက်နက်ချအညံ့ခံရေ သုံ့ပန်းတိကိုလည်း ဖမ်းဆီးရမိခရေလို့ သိရပါရေ။
ယင်းအပြင် စကခ (၁၅) ဘူးသီးတောင် လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီ၏ ကျန်နီရေတပ်ရင်းတိဖြစ်တေ ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊နန့် အမတ(၃၇၈) ရို့ကိုလည်းတပြိုင်နက်တည်း ထိုးစစ် ဆင်တိုက်ခိုက်လျက်ဟိရေလို့ အာရက္ခတပ်တော်၏ သတင်းထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ခမရ (၅၅၁) နန့် စကခ(၁၅) တပ်မဌာနချုပ်က ထွက် ဗြီးနီရေ ရန်သူတိကို လိုက်လံယှင်းလင်းတိုက်ခိုက်ယင်း တိုက်ပွဲတိ ဆက်လို့ပြင်းထန်နီခရေပိုင်၊ ယင်း စခန်းစွန့်ထွက်ဗြီးလွတ်မြောက်နီရေ ရန်သူတိစွာ ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာထဲက ခုခံကာကွယ်မှုတိဟိခကေလေ့ အာရက္ခတပ်တော်က ခြီမှုန်းတိုက်ခိုက်နိုင်ခလို့ ရန်သူ့ဖက်က ထိခိုက်၊ သီဆုံးမှု များပြားခရေလို့ ဆိုပါရေ။
အလားတူ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့ရို့မာလည်း အကြမ်းဖက်စစ်ကောင်စီနန့် အာရက္ခတပ်တော်ရို့စွာ တိုက်ပွဲတိ ဆက်ဖြစ်နီခပြီးကေ၊ ဘူးသီးတောင်- မောင်တော ကားလမ်းတလျှောက် ရန်သူ့စခန်းတိဖြစ်တေတာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နခခ (၁) ကျီး ကန်းပြင်နန့် နခခ (၁၀) လှဖိုးခေါင်စခန်းတိကိုလည်း သိမ်းပိုက်ရဟိခရေလို့ ဆိုပါရေ။
အမ်းမြို့နယ်အတွင်းက တောဟိန်းတောင် ဗျူဟာကိုလည်း အာရက္ခတပ်တော်ကဆက်လက်ထိုးစစ်ဆင်တိုက် ခိုက်လျက်ဟိရေလို့ ထုတ်ပြန်ချက်အရ သိဟိရပါရေ။
