APM ၊ မေ ၅ / ၂၀၂၃
မြောက်ဦးမြို့ဟိ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွီအနှစ်အထင်ကရစေတီပုထိုးများဖြစ်သည့် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်နန့် လေးမျက်နှာဘုရားများ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ကျင်းပခသည့် ရက္ခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာလောင်းပြိုင်ပွဲ နန့် ဘောလုံးပြိုင်ပွဲများ၌ အနိုင်ရဟိသည့်အသင်းများအား နက်ဖြန် (မေ ၆ ရက်နိ)တွင် ဆု အသီးသီး ချီးမြှင့်လားမည်ဟု သိရ သည်။
ရက္ခိုင်ရိုးရာကျင်ပြိုင်ပွဲ၌ ပထမတန်းတွင် ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၂ သိန်း၊ တတိယဆု ၇ သိန်း၊ စတုတ္ထဆု ၄ သိန်း၊ ဒုတိယတန်းတွင် ပထမဆု ၁၂ သိန်း၊ ဒုတိယဆု ၉ သိန်း၊ တတိယဆု ၅ သိန်း၊ စတုတ္ထဆု ၃ သိန်း၊ တတိယတန်းတွင် ပထမ ဆု ၉ သိန်း၊ ဒုတိယဆု ၆ သိန်း၊ တတိယဆု ၃ သိန်း၊ စတုတ္ထဆု ၂ သိန်း၊ စတုတ္ထတန်းတွင် ပထမဆု ၆ သိန်း၊ ဒုတိယဆု ၄ သိန်း၊ တတိယဆု ၃ သိန်း၊ စတုတ္ထဆု ၂ သိန်းရို့ကို ချီးမြှင့်လားမည် ဖြစ်သည်။
ရက္ခိုင်ရိုးရာလောင်းပြိုင်ပွဲတွင်လေ့ ၁၂ လံ ရှည်လောင်းပြိုင်ပွဲမှာ ပထမဆု သိန်း ၃၀၊ ဒုတိယဆု ၂၈ သိန်း၊ ၈ လံရှည်လောင်း ပြိုင်ပွဲတွင် ပထ မဆု၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ ၆ လံရှည် လောင်းပြိုင်ပွဲတွင် ပထမဆု သိန်း ၂၀၊ ဒုတိယဆု ၁၈ သိန်း အသီးသီး ချီးမြှင့်လား မည်ဖြစ်သည်။
ယင်းအပြင် ဘောလုံးပြိုင်ပွဲများတွင်လေ့ ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း အပါအဝင် တခြားဆုများနန့် တကိုယ် တော် ဆုများကိုလေ့ ချီးမြှင့်လားမည်ဟု သိရသည်။ သျှစ်သောင်းဘုရားပွဲတော်ကြီး၌ ရက္ခိုင်ရိုးရာကျင်ပွဲ နန့် ရိုးရာလောင်း ပြိုင်ပွဲ များကို မေ ၃ ရက်နိတွင် စတင်ကျင်းပပြီး ဘောလုံးပွဲကိုတော့ ဧပြီ ၂၀ နိကပင် စတင်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။