
(မေ ၁ ရက်နိ မှ ၇ ရက်နိ အထိ)
၁။ ၁ – ၅ – ၂၀၂၃ (တလင်းလာ)
(၁) ဒုတိယ အကြိမ်မြောက် သက်အမျိုးသားနိအခမ်းအနား မောင်တောမြို့ မကျည်းကုန်း ၄ မိုင် ရပ်ကွက်၌ မေ ၁ ရက်နိ မိုးထ ၈ နာရီမှ ၁၀ နာရီအထိ ကျင်းပပြုလုပ်ခသည်။
(၂) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ရည်ရွယ်၍ အမ်းမြို့နယ်၌သစ်ပင် ၁၀၀၀ ကို မေ ၁ ရက်နိ( အလုပ်သမား နိ)တွင် မျိုးစိချစိုက်ပျိုးခသည်။
(၃) ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို လာမည့် မေ ၉ ရက်နိတွင်စတင်ဖွင့် လှစ်မည်ဖြစ်သည်။
(၄) ရက္ခိုင်ပြည်အပါအဝင် မြန်မာပြည်ဒေသတချို့၌အပူချိန် ၁.၅ ဒီဂရီ စင်တီဂရိတ် နန့် အထက် တိုးလာနိုင်ကြောင်း မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပီးထုတ် ပြန်ထားသည်။
၂။ ၂ – ၅ – ၂၀၂၃ (အင်္ဂါ)
(၁) ရက္ခိုင်တွင် မိုးတိမ်တောင်များဖြစ်ပေါ်နီပြီး ယင်းမိုးတိမ်တောင်များကြောင့် မိုးရွာသွန်းခြင်းနန့်အတူ လီပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၂ ရက်နိ ညဇာ ၄ နာရီတွင် ထုတ်ပြန်သည်။
(၂) ရက္ခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးအကြောင်း ရိုက်ထားသော မှတ်တမ်း ရုပ်ရှင်တခုဖြစ်သည့် My Hidden City နာမည်ရ ရုပ်ရှင်ဇာတ်ကားမှာ မေ ၁ ရက်နိက ပြင်သစ်နိုင်ငံ Nice မြို့တွင် ကျင်းပသည့် Giraffe Film Festival ၌ March, April Addition အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတိုဆု(Best Short Documentary)ကို ဆွတ်ခူးရဟိ လားသည်။
(၃) မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံ ထားရသည့် ကျောက်တော်မြို့၊ ပြည်တော် သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်း ရွာမှ ကိုဇော်မိုးထက်ရို့ အမှုကို မေ ၂ ရက်နိရုံးချိန်းတွင်လေ့ မစစ်ခဘဲ ရုံးချိန်း ထပ်ရွှိလိုက်ပြန်သည်။
(၄) (၃၆) ကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် မေ ၂ ရက်နိ ညဇာ ၆ နာရီက ကျင်းပပြု လုပ်ခကတ်သည်။
၃။ ၃ – ၅ – ၂၀၂၃ (ဗုဒ္ဓဟူး)
စစ်တွေမြို့ကမ်းခြီမှာ ခြုံတောထဲ၌ မေ ၃ မိုးထ ၁၁ နာရီခွဲလောက်တွင် သီဆုံးနီသည့် ပေါက်တောမြို့နယ် သရက်တော ကျေးရွာမှ ကိုစည်သူထွန်း ( ၂၂ နှစ်)၏ ရုပ်အလောင်းကို တွိဟိခရသည်။
၄။ ၄ – ၅ – ၂၀၂၃ (ကြာသပတီး)
(၁) (၈) ကြိမ်မြောက်မရမာကြီးအမျိုးသားနိအခမ်းအနားကိုမေ ၃ ရက်နိ၌ ကျောက်ဖြူမြို့၊ အရာဟိရပ်ကွက်၊ မရမာကြီး ရတနာ့ဗိမာန်ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခသည်။
(၂) နီရပ်စွန့်ခွာ မူဆလင်များကို ပြန်လက်ခံရီး စစ်ကောင်စီ၏ စီစဉ်ဆောင်ရွက်မှု များအား လေ့လာရန် မေ ၅ ရက်နိ၌ ဘင်္ဂ လားဒေ့ချ်က နီရပ်စွန့်ခွာ မူဆလင် ကိုယ်စားလှယ်အဖွဲတဖွဲ ရက္ခိုင်သို့ လာရောက်ခသည်။
(၃) မောင်တောမြို့နယ် ဝက်ကျိန်းရွာတွင် မေ ၃ ရက်နိက စစ်ကျန်ဗုံးသီးတလုံးပေါက်ကွဲမှုဖြစ်ပွားခပြီး အဖ ဦး မင်သောင်း၊ အမိ ဒေါ် သစ်ဆာ၏ သား မောင်ပိုင်ဝေ(၃ နှစ်) ပွဲချင်းပြီးသီဆုံးလားသည်။
(၄) ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ ၁၇(၁) နန့်တရားစွဲ ခံထားရသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာ မှ တက္ကသိုလ် ကျောင်းသား ကိုမောင်ဆန်းဌေး (၂၄နှစ်) နန့် မင်္ဂလာညွန့်ရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရို့ အမှုကို မေ ၄ ရက်နိတွင် မောင်တောမြို့နယ် တရားရုံး၌ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်၍ ရုံးချိန်းထပ်ရွှိလိုက်ရ သည်။
(၅) မြောက်ဦးမြို့နယ်ကျောက်ကျပ်ကျေးရွာအလွန် ရန်ကုန်-စစ်တွေအဝီးဗြီးလမ်းမကြီးထက်တွင် မေ ၃ ရက်နိက ဆရာ တော် ၃ ပါးစီးလာသည့် ကားတစီး အဟိန် မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ရာ ကားထက်တွင်ပါလာသည့် ဆရာတော်နှစ်ပါး ဒဏ်ရာပြင်းပြင်းထန်ထန် ရဟိလားသည်။
(၆) စစ်တွေမြို့၊ မောလိပ်ထ(ခွဲ)ကျောင်း၌၊ Grade – 11 တွင် ပညာသင်ယူနီသော ကျောင်းသားတယောက်၏ နီအိမ်အတွင်း သို့ ALP အဖွဲ့မှ ဦးခင်မောင်ဝင်း၊ ဦး ပေါက်စ အပါအဝင် အပေါင်းအပါ ၇ ယောက်က ဝင်ရောက်ကာလက်နက်အားကိုးဖြင့် ဗိုလ်ကျအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ခသည့်လုပ်ရပ်အား အပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသ မဂ္ဂက မေ ၄ ရက်နိတွင် ထုတ်ပြန်သည်။
၅။ ၅ – ၅ – ၂၀၂၃ (သောကြာ)
(၁) မြောက်ဦးမြို့ ဗန္ဓုလတန်းထားနားဟိ ချောင်းထဲတွင် မေ ၅ ရက်နိမိုးထက နာမည်မသိအမျိုးသားအလောင်းတလောင်း တွိဟိခရသည်။
(၂) ရက္ခိုင့်တပ်တော်AAနန့်ဆက်သွယ်သည်ဟုစွပ်စွဲကာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့်တရားစွဲ ခံထား ရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာ မတ်တူဆောင်း ရို့အမှုကို မေ ၅ ရက်နိတွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်ဟုဆို ကာ ရုံးချိန်း ထပ်ရွှိလိုက်သည်။
(၃) မြောက်ဦးမြို့ဟိ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွီအနှစ် အထင်ကရ စေတီပုထိုးများဖြစ်သည့် သျှစ်သောင်း၊ ထုက္ကံ သိမ်၊ အံတော်သိမ်နန့် လေးမျက်နှာဘုရားများ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ကျင်းပခသည့် ရက္ခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာလောင်း ပြိုင်ပွဲနန့် ဘောလုံးပြိုင်ပွဲများ၌ အနိုင်ရဟိသည့်အသင်းများအား မေ ၆ ရက်နိတွင် ဆု အသီးသီး ချီးမြှင့်လားမည်။
(၄) မြန်မာစစ်တပ်က ရွာထဲမှထွက်ခွာလားကတ်ရန် အတင်းအဓမ္မ နှင်ထုတ်သည့်အတွက် ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ရွာနန့် နပျိုးချောင်းရွာမှ ဒေသခံရွာသားများ နီရပ်စွန့်ခွာလာကတ်ရသည်။
(၅) လာမည့်ရက်ပိုင်းအတွင်း ရက္ခိုင်နန့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလီဝ သနန့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က မေ ၅ ရက်နိတွင် ထုတ်ပြန်သည်။
၆။ ၆ – ၅ – ၂၀၂၃ (စနီ)
(၁) အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ဆိပ်ကမ်းမှထွက်ခွာလာသည့် အိန္ဒိယကုန်တင် သင်္ဘောကြီးတစီးသည် လာမည့် မေ ၈ ရက် နိတွင် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဖြစ်သည်။
(၂) ရက္ခိုင့်တပ်တော်(AA)နန့်ဆက်စပ်သည်ဟုဆိုကာ မတရားထောင်ချခံရသူ ရသေ့တောင်မြို့နယ် သံချောင်းရွာမှ ကိုမောင် ငြိမ်းအောင်(ခ)ဝေယံစိုး(၂၅ နှစ်)နန့် ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ ကိုမောင်မောင်ချေ (၂၅နှစ်)ရို့သည် မေ ၅ ရက်နိက လွတ်ရက်စိ၍ စစ်တွေထောင်မှ လွတ် မြောက်လာသည်။
၇။ ၇ – ၅ – ၂၀၂၃ (တလင်းဂနီ)
(၁) မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ် ၁၇(၁) နန့်တရားစွဲခံထားရသည့် ကျောက်ဖြူ ဒေ သခံ ၄ ယောက်ကို မေ ၅ ရက်နိ၌ (၂၁)ကြိမ်မြောက်ရုံးထုတ်ခပြီး ဒေတကြိမ်ရုံးချိန်းမှာတော့ မြန်မာစစ်တပ်ဖက်က တရား လို တယောက်ရောက်ဟိလာသည်။
(၂) ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်စစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ အကူအညီများ လာရောက်လှူဒါန်းမှုနည်းပါး၍ ဆန်အ ပါအဝင် အခြီခံစားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နီသည်။
(၃) လက်ဟိဖြစ်ပေါ်နီသည့် မိုချာဆိုင်ကလုန်း(Cyclone Mocha) မုန်တိုင်းအခြေအနီနန့်ပတ်သက်၍ အာရက္ခပြည်သူများ အနီနန့် ပေါ့ပေါ့ဆဆမနီကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က မေ ၇ ရက်နိတွင် အသိပီးထုတ်ပြန်သည်။
