
APM၊ မေ ၇ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်စစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ အကူအညီများ လာရောက်လှူဒါန်းမှုနည်းပါ၍ ဆန်အပါ အဝင် အခြီခံစားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နီကြောင်း သိရပါသည်။
ယိုးတရုပ်စစ်ဖီးယှောင်စခန်းဟိ စစ်ဖီးယှောင်များမှာ ကုန်ခသည့် တကျော့ပြန်တိုက်ပွဲကာလများအတွင်း မြန်မာစစ် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နီရပ်စွန်ခွာထွက်ဗြီးလာခရသည့် ပုဏ္ဏားကျွန်းမြို့နယ် နန့် ကျောက် တော်မြို့နယ်ဟိ ချောင်းတူ၊ ရွက်ညှိုးတောင်၊ ဘုတ္တော၊ ဒေးဝန်း၊ အောင်မင်္ဂလာ စသည့် ကျေးရွာများမှ ဒေသခံများဖြစ် ကတ်သည်။
လက်ဟိအချိန်ထိလေ့ အဆိုပါကျေးရွာများအနီး အနား၌ မြန်မာစစ်တပ် တပ်စွဲနီရာယူထား၍ စစ်ဖီးယှောင်များမှာ နီရပ်မ ပြန်ဝံ့သိမ့်ဘဲ ယိုးတရုပ်စစ်ဖီးယှောင်စခန်း၌ ခိုလုံနီကတ်ရပြီး ဆန်အပါအဝင် အခြီခံစားနပ်ရိက္ခာများအခက်အခဲဖြစ်နီကတ် ရကြောင်း စစ်ဖီးယှောင်းများကပြောသည်။
အဆိုပါယိုးတရုပ်စစ်ဖီးယှောင်စခန်းသို့ အလှူသျှင်များ လာရောက်လှူဒါန်းမှုလေ့ မဟိသလောက်နည်းပါးနီသည့်အပြင် ဆန် အပါအဝင် စားသောက်ကုန်ဈီးနှုန်းများမှာလေ့ အဆမတန် မြင့်တက်နီ၍ စစ်ဖီးယှောင်များမှာ တရက်စားဖို့ကို အနိုင်နိုင်ဖြစ်နီ ကတ်ရသည် ဟုဆိုသည်။
ယိုးတရုပ်ရထားဘူတာစစ်ဖီးယှောင်စခန်း၌ အိမ်ထောင်စု ၁၅၉ စုနန့် လူဦးရေ ၆၂၇ ယောက်ရို့ ခိုလှုံလျက်ဟိကြောင်း သိရ သည်။
