APM ၊ မေ ၆ / ၂၀၂၃
ရက္ခိုင့်တပ်တော်(AA)နန့်ဆက်စပ်သည်ဟုဆိုကာ မတရားထောင်ချခံရသူ လူငယ် ၂ ဦးသည် မေ ၅ ရက်နိက လွတ်ရက်စိ၍ စစ်တွေထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။
လွတ်မြောက်လာသူနှစ်ဦးမှာ ရသေ့တောင်မြို့နယ် သံချောင်းရွာမှ ကိုမောင်ငြိမ်းအောင်(ခ)ဝေယံစိုး(၂၅ နှစ်)နန့် ကျောက် တော်မြို့၊ မြို့သစ်ရပ်ကွက်မှ ကိုမောင်မောင်ချေ (၂၅နှစ်)ရို့ဖြစ်ကတ်သည်။
သူရို့နှစ်ယောက်ကို ပြီးခသည့် ၂၀၂၀ပြည့် နှစ် ၊ ဂျုန် ၆ ရက်နိက ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင် များ ဖမ်းဆီးခြင်းကိုခံခရသည်။
ယင်းနောက် AA နန့် ဆက်စပ်သည်ဟုစွပ်စွဲကာ အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂(က)ရို့နန့် ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နိ၌ မြောက်ဦးခရိုင်တရား ရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်ခခြင်းဖြစ်သည်။
Photo – ABN