APM ၊ မေ ၆ / ၂၀၂၃
အီတလီစီးရီးအေဖလားပြိုင်ပွဲတွင် နာပိုလီအသင်းက ရာသီမကုန်စောစောစီးစီးချန်ပီယံဖြစ်လားကေလေ့ ချန်ပီယံလိဂ်ဝင် ခွင့် ၃ နီရာအတွက် ထိပ်သီးအသင်းများဆက်လက်ယှဥ်ပြိုင်နီကတ်ရာ အဆင့် (၆) နီရာမှ အေစီမီလန်အသင်းသည် လာဇီယို အသင်းနန့် ဒေနိ (မေ ၆ ရက်) ညည့်တွင် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲသည် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အထူးအရေးကြီး သည်ဟု အေစီမီလန်နည်းပြ ပီအိုလီ ကပြောကြားလိုက်သည်။
“ဒေနိ လာဇီယိုနန့်ပွဲကို အနိုင်ရမှဖြစ်ဖို့။ ရာသီမကုန်ခင် ရမှတ်တိအများကြီး ရယူထားဖို့လိုပါရေ။ ယေဇူးနန့် အေနိပွဲက ကျ နော်ရို့အတွက် အထူးအရေးကြီးပါရေ။ ပြီးခရေနှစ်က စီးရီးအေ ချန်ပီယံဖြစ်ခကေလေ့ အေနှစ် ကျနော်ရို့ မဖြစ်နိုင်ခပါ။ယေ ဒါလေ့ ဥရောပမှာတနှစ်ထက်တနှစ်ထူးခြားရေ အရာတိကိုလုပ်နီပါရေ” ဟု နည်းပြ ပီအိုလီကဆိုသည်။
လက်ဟိ စီးရီးအေတွင် လာဇီယိုက ၆၄ မှတ် အဆင့် (၂)၊ ဂျူဗင်တပ်စ် ၆၃ မှတ် အဆင့် (၃)၊ အင်တာမီလန် ၆၀ မှတ် အဆင့် (၄)၊ အတ္တလန္တာ၊ အေစီမီလန် နန့် ရိုးမားအသင်းသည် ရမှတ် ၅၈ မှတ်စီနန့် ရှိဆင့်နောက်ဆင့်ဖြင့် ရပ်တည် နီကတ်ပြီး အဆိုပါ အသင်းများသည် နောက်ထပ်ယှဥ်ပြိုင်ကဇတ်ရန် တသင်းကို ၅ ပွဲစီကျန်ဟိနီကြောင်း သိရသည်။
အဆိုပါအသင်းကြီးများသည် နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကြိတ်အနယ်ယှဥ်ပြိုင်ရမည်ဖြစ်ကာ လာဇီယို နန့် အေစီမီလန်၊ ရိုးမားနန့် အင်တာမီလန် အသင်းများသည် ဒေနိညည့်ယှဥ်ပြိုင်မည်ဖြစ်ပြီး၊ အတ္တလန္တာနန့် ဂျုဗင်တပ်စ်အသင်း သည့် နက်ဖန်ယှဥ်ပြိုင်ကဇတ်မည်ဖြစ်ကြောင်းသိရသည်။
Source – Milan coach Pioli said that the Lazio match is important for the Champions League
Photo – Lega Serie A