APM၊ မေ ၆ / ၂၀၂၃
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ဆိပ်ကမ်းမှထွက်ခွာလာသည့် အိန္ဒိယတင်သင်္ဘောကြီးတစီးသည် လာမည့် မေ ၈ ရက်နိတွင် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဟု သိရသည်။
ယင်းကုန်တင်သင်္ဘောကြီးသည် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ဆိပ်ကမ်းမှ ဘိလပ်မြီတန်ချိန် ၁၀၀၀ တင်ဆောင်လျက် မေ ၄ ရက်နိတွင် ထွက်ခွာလာခြင်းဖြစ်သည်။
ယင်းကုန်တင်သင်္ဘောကြီး ဆိုက်ရောက်ပြီးနောက် မေ ၉ ရက်နိမိုးထပိုင်းတွင် ဖိတ်ကြားထားသည့် အထူးကိုယ်စားလှယ်များ အထူးလီယာဥ်ဖြင့် စစ်တွေသို့ ရောက်ဟိမည်ဖြစ်ကာ ဆိပ်ကမ်းသစ်ဖွင်လှစ်လားမည်ဟု သက်ဆိုင်ရာတာဝန်ဟိသူများက ပြောသည်။
ဆိပ်ကမ်းဖွင့်ပွဲနန့်အတူ စတင်လည်ပတ်သည့် ပထမနိတွင်ပင် အိန္ဒိယမှ ဘိလပ်မြီများ သယ်ဆောင်လာမည်ဟုဆိုကေလေ့ အဆိုပါ ဘိလပ်မြီမှာ မပြီးသိမ့်သော ပလက်ဝ-ဇိုရမ်ပွီးကားလမ်းမ တည်ဆောက်ရီးလုပ်ငန်းများအတွက်လား၊ သို့မဟုတ် ရက္ခိုင်ပြည်အတွင်း ဆောက်လုပ်ရီးဈီးကွက်သို့ ဖြန့်ချိရန်အတွက် ယူဆောင်လာခြင်းလားဆိုသည်ကို ထုတ်ဖော်ပြောကြား ထားခြင်း မသိသိမ့်ပါ။
Photo-Original Uploader