
APM ၊ မေ ၅ /၂၀၂၃
ရုသျှသမ္မတ ပူတင်ကို သတ်ရန် ရည်ရွယ်သည့် ကရင်မလင်နန်းတော် ဒရုန်းနန့် တိုက်ခိုက်မှု နောက်ကွယ်၌ အမေရိကန်ဟိ သည်ဟု မေ ၄ ရက်နိတွင် ရုသျှက စွပ်စွဲလိုက်သည်။ အမေရိကန်က ရုသျှ၏စွပ်စွဲချက်မှာ “ရယ်စရာ ကောင်းသော စွပ်စွဲ ချက်”ဟု ပြောဆိုပြီး ပယ်ချလိုက်သည်။
ယင်းအပြင် ကရင်မလင်နန်းတော်ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကိုဗ်က “ယူကရိန်းသည် အမေရိကန်၏ အစီအစဉ်များကို အကောင်အထည် ဖော်နီခြင်းရာဖြစ်သည်”ဟု ဆိုသည်။
ဒမစ်ထရီပဲ့စ်ကိုဗ်၏ ပြောကြားချက်နန့်ပတ်သက်၍အမေရိကန် အမျိုးသားလုံခြုံရီးကောင်စီ ပြောခွင့်ရ John Kirby က “သေချာ ပေါက်ပြောနိုင်သည်မှာ အမေရိကန်နန့် ပတ်သက်မှု မဟိ“ဟု တုံ့ပြန်သည်။
အလားတူ ယူကရိန်းသမ္မတ ဇီလင်စကီး ကလေ့ ” ကရင် မလင်ကိုဒရုန်းတိုက်ခိုက်မှုတွင် ယူကရိန်း ပါဝင်ပတ်သက်မှု မဟိ ကြောင်း” ပြောဆိုထားသည်။
ရုသျှဖက်က “နိုင်ငံခြားဧည့်သည်တော်များ တက်ရောက်ရန် စီစဉ်ထားသည့် မေ ၉ ရက် အောင်ပွဲအကြိုနိမှာ လုပ်ကြံသည့် ယင်းလုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ် အဖြစ် ပြောဆိုထားပြီး “လက်တုံပြန်မည်”ဟု ဆိုထားသည်။
Source – White House dismisses ‘ludicrous’ Russian claims US planned Kremlin drone strikes
Photo – Metro UK
