APM ၊ မေ ၅ / ၂၀၂၃
လာမည့်ရက်ပိုင်းအတွင်း ရက္ခိုင်နန့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလီဝသ နန့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒေနိ( မေ ၅ ရက်နိ) တွင် ထုတ်ပြန်သည်။
ဒေနီ(မေ ၅ ရက်နိ) နိခင်း ၁ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှိတောင်ပိုင်း၌ မေ ၇ ရက်နိတွင် လီဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး အဆိုပါ လီဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မေ ၈ ရက်နိမှာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ဟိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းငယ်သည် မြောက်ဖက်သို့ ဆက်လက် ရွိလျားပြီး မေ ၁၀ ရက်နိတွင် ဘင်္ဂလားပင်လယ်အော် အရှိအလယ် ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့အားကောင်း လာနိုင်သည်ဟု ဆိုသည်။
မိုး/ဇလ ၏ ခန့်မှန်းချက်များအရ ရက္ခိုင်ကမ်းရိုးတန်းနန့် မြစ်ဝကျွန်းပေါ်ဒေသများသို့ မုန်တိုင်း ရောက်ဟိနိုင်သည့် အတွက် မေ ၉ ရက်နိမှ ၁၃ ရက်နိအထိ ၎င်းနီရာများတွင် ရံဖန်ရံခါ မိုးသက်လီပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းသိရသည်။
ယင်းသို့ မိုးသက်လီပြင်း ကျစဉ် ရီမြင်/မြီပြင်လီသည် တနာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ကန်းရိုးတန်းနန့် မြစ်ဝကျွန်းပေါ် ဒေသများတွင်လီပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း ၊ ရီကြီးခြင်းနန့် မြီပြိုမှုများ ဖြစ်ပေါ်နိုင်သည်ဟုလေ့ မိုးလီဝသနန့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည်။
Photo – မိုးလီဝသနန့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန