APM ၊ ဧပြီ ၅ / ၂၀၂၃
မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံ ထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၃ ယောက်အမှုကို ဒေနိ(ဧပြီ ၅ ရက်နိ)တွင် ကျောက်တော်မြို့နယ် တရားရုံး၌ ရုံးထုတ် ခကေလေ့ မစစ် ခဘဲ လာမည့် ဧပြီ ၁၉ ရက်နိသို့ ရုံးချိန်းထပ်ရွိလိုက်ကြောင်း သိရသည်။
ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်ရို့ ဖြစ်ကတ်သည်။
သူရို့ကို ဒေနိ နိခင်း ၁၂ နာရီကျော်၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံး ထုတ်ခပြီးတရားသူကြီးက “မင်းရို့ လုပ်တေ အလုပ် မင်းရို့အပေါ်မှာ မူတည်ရေ။ ကောင်းစွာပင်လုပ်လုပ်၊ ဆိုးစွာပင်လုပ်လုပ်။ ကံတရားရာ” ဟုပြောဆိုခကာ နောက်ထပ်တစုံတရာ စစ်ဆီးခခြင်းမဟိဘဲ လာမည့် ဧပြီ ၁၉ ရက်နိသို့ ရုံးချိန်းထပ်ရွိလိုက်ကြောင်း မိသားစုဝင် များက ပြောသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လ၌ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော် မိုးထက် ရို့ကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီး ခပြီး၊ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် သူရို့ ၃ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ် နှောင်ထားကြောင်း သိဟိရသည်။