APM ၊ ဧပြီ ၅ / ၂၀၂၃
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရီးတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပီးချေမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် လားရန် နှစ်နိုင်ငံသဘောတူညီထားကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ပြည်တွင်းငွေကြေးသုံးစွဲမှုတိုးမြှင့်ရန်အတွက် ရူပီး/ကျပ် တိုက်ရိုက်ငွေပီးချေမှု စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လားမည်ဖြစ်ပြီး အဆိုပါကိစ္စရပ်အား မြန်မာပြည်ဗဟိုဘဏ်နန့် အိန္ဒိယ ဗဟိုဘဏ်ရို့အကြား သဘောတူညီပြီးဖြစ်သည်ဟု ဆိုသည်။
အဆိုပါကိစ္စနန့်စပ်လျဉ်း၍ မြန်မာပြည်ဗဟိုဘဏ်မှဦးဆောင်၍ နိုင်ငံခြားရီးဝန်ကြီးဌာန၊ စီမံကိန်းနန့်ဘဏ္ဍာရီး ဝန်ကြီးဌာန၊ စီးပွားရီးနန့် ကူးသန်းရောင်းဝယ်ရီးဝန်ကြီးဌာန၊ နိုင်ငံပိုင်ဘဏ်များ၊ State Bank of India နန့် Punjab National Bank၊ Yangon Representative Office ရို့မှ ကိုယ်စားလှယ်များပါဝင်သည့် ရူပီး/ကျပ် တိုက်ရိုက်ငွေပီးချေမှုစနစ် အကောင် အထည်ဖော်ခြင်းလုပ်ငန်းကော်မတီနန့် မြန်မာပြည်ဆိုင်ရာ အိန္ဒိယသံရုံးရို့ ပူးပေါင်းပြီး ရူပီး/ကျပ်ငွေပီးချေမှုစနစ်တရပ်ကို ဖော်ထုတ်ထား ကြောင်းလေ့ သိရသည်။
ယင်းကဲ့သို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပီးချေမှုစနစ်ကို အကောင်အထည် ဖော်ရာတွင် Punjab National Bank, India ကို မြန်မာဘဏ်များအတွက် Designated bank အဖြစ် သတ်မှတ် ထားမည်ဖြစ်သည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရီးတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပီးချေမှု အကောင်အထည်ဖော်မည့် အစီအစဉ်နန့် ပတ်သက်၍ ဧပြီလ ၄ ရက်နိက မြန်မာပြည်ဗဟိုဘဏ်နန့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိ ကဘဏ်များအကြား ဆွေးနွေးပွဲတရပ်ကို မြန်မာပြည်ဗဟိုဘဏ်၊ ဇမ္ဗူသီရိခန်းမ၌ ပြုလုပ်ခကတ်ကြောင်း သိရ သည်။
လက်ဟိတွင် မြန်မာပြည်သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံရို့နန့် နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်၊ ဘတ်/ကျပ် ငွေကြေးတိုက်ရိုက်အသုံးပြုငွေပီးချေမှုစနစ်များဖြင့် ကုန်သွယ်မှုပြု လုပ်နီခြင်း ဖြစ်သည်။
Photo – Dreamstime