APM ၊ ဧပြီ ၅ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA အနီနန့် ရက္ခိုင်ပြည်ဟိ မြို့နယ်အသီးသီး၌ လွတ်မြောက်နယ်မြီများကို အယင်ကထက် ပို၍ရ ဟိအောင် ရက္ခိတလမ်းစဉ်အတိုင်း ကြိုးပမ်းလုပ်ဆောင်နီကြောင်း AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုလိုက်သည်။
ဧပြီ ၄ ရက်နိ ညဇာ ၇ နာရီ၌ Online မှကျင်းပပြုလုပ်ခသည့် “ရက္ခိုင့်တပ်တော်(AA)၏ ဒု-စစ်ဦးစီးချုပ် Dr. Nyo Twan Awng နန့် လွတ်မြောက်နယ်မြီများအကြောင်း အမိန်းအဖြေ” အစီအစဉ်၌ ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာညိုထွန်းအောင်က “ကျနော်ရို့ ၁၄ နှစ်တာကာလမှာဆိုကေ ရက္ခိုင်ပြည်၏ တစိတ်တဒေမှာ လွတ်မြောက်နယ်မြီ အတိုင်းအတာတခုအထိ ရဟိနီယာလို့ ပြောလို့ရပါရေ။ ၁၄ နှစ်တာ ကျော်ဖြတ်လာပြီးကေ နောက်ပိုင်းမှာ ရခိုင်လူမျိုး တိအနီနန့် လွတ်မြောက်နယ်မြီဆိုရေ အရသာနန့် လွတ်မြောက်နယ်မြီတိကို အတိုင်းအတာတခုအထိ ရဟိထားရာလေ့ ဖြစ်ပါရေ။ ရက္ခိုင်ပြည်က တချို့နီရာတိမှာ မလွတ်မြောက်သိမ့်ရေ နီရာတိလေ့ ဟိပါသိမ့်ရေ။ ယင်းနီရာတိကိုပါ လွတ်မြောက်ဖို့အတွက် ကျနော်ရို့ ရက္ခိတလမ်းစဉ်အတိုင်း ဆက်လို့ဆောင်ရွက် နီပါရေ “ဟုပြောသည်။
ယင်းအပြင် “ တော်လှန်ရီးနယ်ကို ရောက်လာကတ်တေသူတိအနီနန့် ကိုယ်လွတ်မြောက်နယ်မြီအပေါ်မှာ အခြေခံ ပြီးကေ နောက်ထပ် တော်လှန်ရီးအဖွဲ့အစည်းတိကို ပေါက်ဖွားနိုင်ပါရေ။ ယင်းကတဆင့် နိုင်ငံရီးရည်မှန်း ချက်တိကို အကောင် အထည် ဖော်ရစွာလေ့ ဖြစ်ပါရေ။ ဇာလောက်ထိ လွတ်မြောက်နယ်မြီ အရေးပါလေးဆိုကေ နွီဦးတော်လှန်ရီးကို ဆင်နွဲနီ ကတ်တေသူတိ တယောက်ချင်းစီတိုင်း ကောင်းကောင်းသိပါရေ။ ယေဇူးနန့် လွတ်မြောက်နယ်မြီနန့် ချိတ်ဆက်ပြီးကေ ပြောချင်စော်က လွတ်မြောက်နယ်မြီအပြင် မဟာမိတ်နယ်မြီဆိုစွာလေ့ ဟိဖို့လို ပါရေ။ ဒေပိုင် အချိန်ခါမျိုးမှာ အဖွဲ့အစည်း တခုအနီနန့် ရပ်တည်ဖို့ ကောင်းခက်ခဲပါရေ။ တဖွဲ့တည်းအနီနန့် ရပ်တည်ဖို့၊ မဟာမိတ် အဖွဲ့မဟိဆိုကေ ရန်သူကအလွယ် တကူ ချေမှုန်းဖို့အတွက် အခွင့်အရေးအများကြီးဟိပါရေ “ဟု ဒေါက်တာ ညိုထွန်း အောင်ကဆက်၍ ပြောကြားခသည်။
ဒေါက်တာညိုထွန်းအောင်၏ ဟောပြောချက်တခုလုံးကို သူဖြတ်သန်းခသည့် ရက္ခိုင့်တော်လှန်ရီး၊ AA ဖြတ်သန်းခသည့် (၁၄) နှစ်တာ တော်လှန်ရီးခရီး၊ ULA/ AA ၏ အုပ်ချုပ်ရီး၊ တရားစီရင်ရီး၊ ပညာရီး၊ ကျန်းမာရီး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်မှုများ၊ ယင်းသို့တည်ဆောက်ရာ၌ ရင်ဆိုင်ခရသော စိန်ခေါ်မှုများနန့် ပြည်သူ လူထုမဏ္ဍိုင်ပြုလျက် အခက်အခဲ များကို ကျော်လွှားခပုံများဖြင့် လေးနက်ပီပြင်စွာ တည့်သွင်းပြောကြားခကြောင်း သိဟိရသည်။
Photo – Facebook