
APM ၊ ဧပြီ ၅ / ၂၀၂၃
အပြာမင်းသမီး နုတ်ပိတ်ခအပါအဝင် တခြားလုပ်ငန်းဆိုင်ရာမှတ်တမ်းလိမ် လည်မှုများအတွက် စွဲချက် ၃၄ ခုနန့် တရားစွဲ ခံထားရခြင်းနန့်ပတ်သက်၍ သူ့မှာ အပြစ်လုံးဝမဟိကြောင်း ဧပြီ ၄ ရက်နိက မန်ဟန်တန် တရားရုံးတွင် အမေရိကန်သမ္မ တဟောင်းဒေါ်နယ်ထရမ့်က ပြတ်ပြတ်သားသား ငြင်းဆိုချေပလားသည်။
ဒေါ်နယ်ထရမ့်က စွဲချက်တင်ခံထားရသည့် ပြစ်မှုများအတွက် သူ့တွင် အပြစ်မဟိကြောင်း တရားရုံးတွင် ချေပခပြီး၊ ၎င်းအနီ နန့် တိုင်းပြည်ကို ဖျက်ဆီးရန် ကြိုးစားသူများထံမှ ကာကွယ်ရန် ကြိုးပမ်းခခြင်းဖြစ်ကြောင်း၊ သူ့ကို တရားစွဲခြင်းမှာ တိုင်းပြည်ကို စော်ကားခြင်းရာဖြစ်ကြောင်း တရားရုံးချိန်ပြီးနောက် ဖလော်ရီဒါပြည်နယ်၌ သူ့အားထောက် ခံသူများကို မိန့်ခွန်းပြောကြားခသည်။
ဒေါ်နယ်ထရမ့်အား တရားစွဲထားသည့် မန်ဟန်တန်တရားသူကြီး Alvin Bragg က ထရမ့်သည် ၂၀၁၆ သမ္မတ ရွီးကောက်ပွဲ၌ မဲဆန္ဒသျှင်များ၏ ထောက်ခံမှုကျဆင်းစီနိုင်သည့် အချက်အလက်များကို ဖုံးကွယ်ကာ လုပ်ငန်း ဆိုင်ရာမှတ်တမ်းများကို အကြိမ်ကြိမ်လိမ်ဝါခကြောင်း ပြောဆိုသည်။
ထရမ့်ဖက်ကတော့ အပြာသရုပ်ဆောင် Stormy Daniels ကို နှုတ်ပိတ်ရန် ဒေါ်လာ တသိန်းသုံးသောင်း ပီးနိုင်အောင် စီစဉ်ခ ကြောင်း စွဲချက်နန့်ပတ်သက်၍ သူ့အနီနန့် အဆိုပါ အပြာသရုပ်ဆောင်နန့် ပတ်သက်မှုမဟိကြောင်း ချေပသည်။
အလားတူ Karen Mc Dougal ဆိုသူ အမျိုးသမီး ရွီးထားသည့်စာကို မဖော်ပြနိုင်အောင်လေ့ ဒေါ်လာတသိန်းခွဲပီးရန် အားပီး အားမြှောက်လုပ်ခသည်ဆိုသည့် စွပ်စွဲချက်မှာ မှားယွင်းကြောင်း ထရမ့်ကငြင်းဆိုခသည်။
တရားရုံးက သြဂတ်စ် ၈ရက်နိကို ထပ်မံရုံးချိန်ထားပြီး လိုပြသက်သီအား လာမည့် စပ်တမ်ဘာ ၁၉ရက်နိတွင် တုံ့ပြန်မည် ဖြစ်ကာ၊ လာမည့် ဒီဇမ်ဘာ ၄ရက်နိတွင်ပြုလုပ်မည့် လူကိုယ်တိုင်ကြားနာမှုတွင် အမှုကို စီရင်ဆုံးဖြတ်မည်ဟု သိဟိရသည်။
Source – The latest on Trump’s historic indictment and felony charges
Photo – Reuters
