
APM ၊ ဧပြီ ၅ / ၂၀၂၃
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက်အုပ်ချုပ်ရီးမှူးရုံး၌ မြန်မာစစ်တပ်ရောက်ဟိနီသောကြောင့် ဧပြီ ၅ ရက်နိ၊ မိုးထ ၅ နာရီကျော်အချိန်တွင် ရုံးကို ဗုံးနန့် လျပ်တပြက် ပစ်ခတ်တိုက်ခိုက်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခသည်ဟု သိရသည်။
ယင်း ဗုံးပေါက်ကွဲမှုကြောင့် မြန်မာစစ်တပ်က ရုံးအနားတဝိုက်လမ်းများကို ပိတ်ဆို့၍ ရှာဖွီစစ်ဆီးမှုများပြုလုပ်ခကြောင်း ရပ်ကွက်နီပြည်သူများက ဆိုသည်။
အလားတူ ဒေနှစ် ဖေဖော်ဝါရီ ၂၃ ရက်နိမှာလေ့ ၎င်းအုပ်ချုပ်ရီးမှူးရုံး၌ ဗုံးပေါက်ကွဲမှုတကြိမ်ဖြစ်ပွားခသိမ့်သည်။
ယင်းအပြင် အဆိုပါ(င) ရပ်ကွက် အုပ်ချုပ်ရီးမှူးရုံးမှာ ရက်ပြတ် ဗုံးပစ်ခံနီရ၍ CCTV တပ်ထားကေလေ့ တိုက်ခိုက်သူက မီးပြတ်သည့်အချိန်မှာရာ လာရောက်တိုက်ခိုက်သည့်အတွက် ဖမ်းမရဘဲ ဖြစ်နီသည်ဟု ဆိုသည်။
မြောက်ဥက္ကလာပမြို့နယ်ဟိ အုပ်ချုပ်ရီးမှူးရုံး၊ စရဖရုံးနန့် EPC ရုံးများ၌ မကြာမကြာဗုံးပစ်ခနီရသဖြင့် စောင့်ကြည့်ရန် လုံခြုံရီးအဖွဲ့ ဖွဲ့ပီးထားကေလေ့ ပစ်ခတ်မှုများဆက်ဖြစ်နီကြောင်း သိရသည်။
Photo – DVB
