APM ၊ ဧပြီ ၅ / ၂၀၂၃
အယှုံးပေါ်သည်ဟုဆိုကာ နှစ်နန့်ချီ ရပ်နားထားခသည့် ဂျပန်နိုင်ငံမှလှူဒါန်းထားသော ကစ္ဆပနဒီအမြန်ရီယာဉ် (၁) ၏ စစ်တွေ-တောင်ကုတ် ခရီစဉ်ကို လာမည့်ဧပြီ ၇ ရက်နိမှစ၍ တပတ် ၂ ရက်ကျ ပြန်လည် ဗြီးဆွဲတော့မည်ဟု သိရ သည်။
ဧပြီ ၇ ရက်(သောကြာ)နိမှ စ၍ စစ်တွေမှ တောင်ကုတ်သို့ စတင်ဗြီးဆွဲမည်ဖြစ်ပြီး ဧပြီ ၈ ရက်(စနီ)နိတွင် တောင် ကုတ်မှ စစ်တွေသို့ ပြန်လည်ထွက်ခွာမည်ဟု ဆိုသည်။
အဆိုပါကစ္ဆပနဒီ(၁)ရီယာဉ်၌ ခရီးသည် ၃၀၀ခန့်စီးနင်းလိုက်ပါနိုင်ပြီး လက်မှတ်ခအဖြစ် တောင်ကုတ်-စစ်တွေ ခရီးစဉ်အတွက် ခရီးသည်တဦးလျှင် ၃၀၀၀၀ ကျပ်၊ တောင်ကုတ်-ကျောက်ဖြူ ခရီးစဉ်အတွက် ၁၅၀၀၀ ကျပ်နန့် တောင်ကုတ်-မြေပုံ ခရီးစဉ်အတွက် ၂၅၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားကြောင်း သိဟိရသည်။
Photo – IWT
Please follow and like us: