
APM ၊ ဧပြီ ၅ / ၂၀၂၃
အိရန်အသင်းကို ယှုံးနှိမ့်မည်ဟု ကိုမျော်လင့်မထားသည့်အတွက် ဒုတိယအကျော့တွင်အနိုင်ကဇတ်လားမည်ဟု မြန်မာလက်ရွီးစင်အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။
ဒေနိ(ဧပြီ ၅ ရက်နိ ) ယှဉ်ပြိုင်ကဇတ်ခသည့် ၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲအာသျှဇုန်ခြီစစ်ပွဲ ပထမ အဆင့်ပွဲစဉ်၌ အီရန်အမျိုးသမီးအသင်းကို ၁ ဂိုး ဂိုးမဟိဖြင့် ယှုံးနိမ့်ခပြီးနောက် ဒေါ်သက်သက်ဝင်းက ယင်းသို့ ပြော ကြားလိုက်ခြင်းဖြစ်သည်။
ဒေါ်သက်သက်ဝင်းက “ အယှုံးရလဒ်ကို မျှော်လင့်မထားခပါ။ အသင်းအနီနန့် အပိုင်ဂိုးသွင်းခွင့်တိရခကေလေ့ ဂိုးအဖြစ် မပြောင်းလဲနိုင်လိုက်။ မထင်မှတ်ဘဲ ဂိုးပီးလိုက်ရရေအချိန်မှာ အသင်း၏ကဇတ်ပုံက ဆက်မကောင်း နိုင်ခပါဗျာယ်။ ဒုတိယအကျော့မှာတော ရလဒ်ကောင်း ပြန်ယူနိုင်ဖို့ ပြင်ဆင်လားပါဖို့။ ပထမအဆင့် ခြီစစ်ပွဲအောင်ဖို့ အကောင်းဆုံး ကြိုးစားလားပါဖို့ ”ဟု ဆိုသည်။
မြန်မာအသင်းနန့် အီရန်အသင်းရို့သည် ၂၀၂၄ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာသျှဇုန်ခြီစစ်ပွဲ ပထမအဆင့်ပွဲစဉ် ပထမအကျော့ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် အကြိုက်အနယ်ယှဉ်ပြိုင်ခကတ်ရကာ အီရန်အသင်းအတွက် တလုံးနည်း သောအနိုင်ဂိုးကို ပွဲချိန် ၅၂ မိနစ်တွင် Chatrenoor က ခေါင်းတိုက်သွင်းယူခခြင်းဖြစ်သည်။
ဒုတိယအကျော့ကိုတော့ လာမည့် ဧပြီ ၈ ရက်နိတွင် ယင်းသုဝဏ္ဏကွင်းမှာပင် ယှဥ်ပြိုင်ကဇတ်ရမည်ဖြစ်ပြီး အုပ်စု ဗိုလ်စွဲသည့်အသင်းသည် ပထမအဆင့်ခြီစစ်ပွဲအောင်မြင်ကာ ဒုတိယအဆင့်သို့ တက်ရောက်ရမည်ဖြစ်ကြောင်း သိ ဟိရသည်။
