
APM ၊ ဧပြီ ၅ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ကျောက်တော်က ၉ ယောက်အမှုကို ဒေနိ(ဧပြီ ၅ ရက်နိ)၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး ခံပြသက် သီတယောက်ကို စစ်ဆီးခကြောင်း သိရသည်။
၁၇(၁)နန့် တရားစွဲခံထားရသူများမှာ မင်းပြားမြို့နယ်က အပျော်တန်း ဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက် တော်မြို့ ကဝိရတနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာက ကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီ ရပ်ကွက်က ကိုကျော်မောင်လင်းရို့ ဖြစ်ကတ်သည်။
သူရို့ ၉ ယောက်စလုံးကို ဒေနိတွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး ဦးမောင်စောသာအမှုအတွက် ခံပြ သက်သီအဖြစ် သရက်တပင်ရွာအုပ်ချုပ်ရီးမှူးအား စစ်ဆီးခကာ ကျန်လူများတွင်တော့ လိုပြသက်သီများ မရောက် ၍မစစ်ဆီးခရဘဲ လာမည့် ဧပြီ ၁၉ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။
သူရို့ ၉ ယောက်သည် ပြီးခသည့်ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် စစ်ဆီးရီးဂိတ်များ၌ အသီးသီး ဖမ်းဆီးခံခရခြင်း ဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော်(AA)နန့် ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ ၁၇ (၁)ဖြင့် ကျောက်တော်မြို့နယ် တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် သူရို့ ၉ ယောက်ကို ကျောက်တော် မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ် နှောင်ထားကြောင်း သိဟိရသည်။
