
APM ၊ ဧပြီ ၅ / ၂၀၂၃
ဧပြီ ၄ ရက်နိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုလိုက်သည်။
လူ့အခွင့်အရေးကောင်စီ၏အတည်ပြုချက်မူကြမ်းတွင် မြန်မာပြည်၌ စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်လုပ်ရပ်များအားရှုံ့ချထားပြီး၊ တာဝန်ဟိသူများကို နိုင်ငံတကာတရားရုံးများမှ အရေးယူရန် ပါဟိသည်။
ယင်းသို့လူ့အခွင့်အရေးချိုးဖောက်မှု၊စစ်ရာဇ ဝတ်မှုများအတွက် တာဝန်ဟိသူများကို ICJ, ICC အပါအဝင် နိုင်ငံ တကာနန့် ဒေသတွင်းတရားရုံးများမှ အရေးယူနိုင်ရီးအတွက် အားလုံးဝိုင်းဝန်းကူညီပီးကတ်ရန် နန့် အရေးယူနိုင်မည့် အထောက် အထားများ ရှာနီသည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆီးရီးအဖွဲ့ (IIMM) အပါအဝင် UN အဖွဲ့အစည်းများအားလုံးသို့ အချက် အလက် အထောက်အထားများ မျှဝီပီးကတ်ရန်လေ့ တိုက်တွန်းထားသည်။
ယင်းပြင် မြန်မာစစ်တပ်အနီနန့် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နီသည့် လီကြောင်းသုံး တိုက်ခိုက်မှုများ အားလုံးကိုလေ့ ချက်ချင်း ရပ်တန့်ပြီး၊ သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရို့ အပါအဝင် ဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို ချက်ချင်းပြန်လွှတ်ပီးရန် လူ့အခွင့်အရေးကောင်စီက တောင်းဆိုထားသည်။
ယင်းနည်းတူ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း တရားမဝင်တင်ပို့ခြင်း၊ ရောင်းချခြင်းများမလုပ်ရန်တားမြစ်ပိတ်ပင် မှုများလေ့ ပါဝင်ကြောင်း သိရသည်။
သို့ရာတွင် တရုတ်နိုင်ငံအနီနန့် အဆိုပါပိတ်ဆို့အရေးယူခြင်းကြောင့် မြန်မာပြည်၏ အခြေအနေများကို ပိုဆိုးရွား စီပြီး၊ သက် ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးညှိနှိုင်း အဖြေရှာ သည့်နည်းလမ်းနန့်ရာ ဖြေယှင်းနိုင် မည်ဟု ဆိုထားသည်။
Photo – AFP
