APM ၊ မာ့ချ် ၅ / ၂၀၂၄
ပုဏ္ဏားကျွန်းတမြို့နယ်လုံးကို သိမ်းပိုက်နိုင်ခပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က မာ့ချ် ၄ ရက်နိ၊ ညည့်အချိန် ထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အရ “၂၀၂၄ ခုနှစ်၊ မာ့ချ် (၄) ရက်နိတွင် ပုဏ္ဏားကျွန်းမြို့ဟိတခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် “ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ ဒေနိတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရီ၊ လီ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနီသည့်ကြားက အာရက္ခစစ်သည်တော်ရို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခပြီးဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခပြီးဖြစ်သည်” လို့ဖော်ပြထားပါရေ။
ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရရေအကြမ်းဖက်စစ်ကောင်စီစွာ ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမဟိ စေတီပြင်တံတားကို မာ့ချ် ၄ ရက်နိ၊ ညဇာ (၄) နာရီ (၅၇) မိနစ်ကနီ (၅) နာရီ (၁၇) မိနစ်အချိန်အထိ ဂျက်တိုက်လီယာဉ် (၂) စီးနန့် (၁၂) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်စီးခရေလို့ ဆိုပါရေ။
ရက္ခိုင့်တပ်တော်အနီနန့် အကြိမ်ကြိမ်ထုတ်ပြန်ပြီးသားဖြစ်တေအတိုင်း ရက္ခိုင်ဒေသမာလက်နက်ချအညံ့မခံရေ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတိကို သတ်မှတ်ထားရေ စစ်ဆင်ရီးပစ်မှတ်တိအတိုင်း တရက်မျှ ရပ်နားခြင်းမဟိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိကြောင်းလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။