
APM ၊ မာ့ချ် ၅ / ၂၀၂၄
ရက္ခိုင်နန့်ပလက်ဝဒေသမာ ၎င်းရို့၏ စစ်စခန်းတိ၊ မြို့တိကို တခုပြီးတခုလက်လွှတ်ဆုံးယှုံးနီရရေ အကြမ်းဖက်စစ်ယှုံးစစ်ကောင်စီစွာ ၎င်းရို့လက်လွှတ်လိုက်ရရေ မြို့ရွာတိက လျှပ်စစ်မီးထုတ်လွှတ်စက်ရုံတိ၊ ဆက်သွယ်ရီးဆိုင်ရာ တာဝါတိုင်၊ လမ်းတန်းထားတိ၊ အုပ်ချုပ်ရီးဆိုင်ရာရုံးတိအပြင် စာသင်ကျောင်း၊ ဆီးရုံ၊ ဈီး စရေ အများပြည်သူဆိုင်ရာ အဆောက်အအုံ၊နီရာတိကို လီကြောင်းတိုက်ခိုက်မှုတိ တစိုက်မတ်မတ် လုပ်ဆောင်လို့ဟိနီပါရေ။
ဒေနိ၊မာ့ချ် ၅ ရက်နိ၊ မိုးထ ၁ နာရီဝန်းကျင်ကလည်း စစ်ယှုံးကောင် အကြမ်းဖက်စစ်ကောင်စီစွာ သူရို့လက်လွှတ် လိုက်ရရေ ကျောက်တော်မြို့၏ မီးပီးမှုစနစ်ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နန့် လျှပ်စစ်ဓာတ်အားပီးစက်ရုံကို ဂျက်လီယာဉ်နန့် (၂)ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက် ခပါရေ။
ယင်းပိုင် စစ်ယှုံးစစ်ကောင်စီ၏ လူမဆန်စွာ လီကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်အားပီးစက်ရုံပျက်စီးလားခရေပိုင်၊ လျှပ်စစ်ဓာတ်အားပီးစက်ရုံရှိမာဟိရေ စိုက်ပျိုးရီးသိပ္ပံ ကျောင်းနားသို့လည်း ဗုံးသီးတိ ကျရောက်ပေါက်ကွဲခရေလို့သိရပါရေ။
ယင်းအပြင် ကျောက်တော်မြို့၊ပိုက်သည်ရပ်ကွက်က ဘိုလှဌေး(၁၇ နှစ်)ဆိုသူ လူငယ်တယောက်မာလည်း ဘယ်ဖက်လက်မောင်း ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရလားခပါသိမ့်ရေ။
အကြမ်းဖက်စစ်ကောင်စီစွာ “မစားရအမဲ သဲနန့်ပက်တေ” ဆိုရေပိုင် သူရို့လက်လွှတ်လိုက်ရရေ မြို့ရွာတိဟိ လျှပ် စစ်မီးဆိုင်ရာ၊ ဆက်သွယ်ရီးဆိုင်ရာ၊ အုပ်ချုပ်ရီးဆိုင်ရာ အပြင် အများပြည်သူဆိုင်ရာ နီရာနန့် အဆောက်အအုံတိကို အဓိက ပစ်မှတ်ထားပနာ ရည်ရွယ်ချက်ဟိဟိ တိုက် ခိုက်လာနီရေအတွက် ပြည်သူရို့အနီနန့် အထူး သတိထားလားလာနီထိုင်ကတ်ဖို့ ရက္ခိုင့်တပ်တော်ကလည်း သတိပီးထုတ်ပြန်ထားကြောင်း သိဟိရပါရေ။





