
APM၊ မာ့ချ် ၅ / ၂၀၂၄
ကျောက်ဖြူမြို့နယ်မာ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၃၄)နန့် ခမရ(၅၄၂)တပ်ရင်းတိက တပ်ဖွဲ့ဝင်တိ မြို့နယ်အတွင်းရပ်ရွာတိမာ အင်တိုက် အားတိုက် မိုင်းလိုက်ထောင်လျက်ဟိရာ ဒေနိမာ့ချ် ၄ ရက်နိမိုးထပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံဒွိန်ရွာအနားက တောင်ကုန်းတိမာ မိုင်းထောင်ခကြောင်း သိရပါရေ။
မာ့ချ် ၄ ရက်နိ၊ မိုးထ ၈ နာရီ ၄၅ မိနစ်လောက်မာလည်း ကျောက်ဖြူမြို့အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်း၊ ခမရ (၅၄၂) တပ်ရင်းနန့် ကျောက်ဖြူမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၄၀ ကျော်စွာ သစ်ပုတ်တောင်တိုက်နယ်၊ စိုင်ခြုံဒွိန်ရွာသို့ ဟွန်တာ (၃) စီးနန့် ရောက်လာခပြီးကေ ယင်းရွာအနား ငှက်ခေါင်းတောင်နန့် မှင်းကတ်တောတောင်သို့ တက်ပနာ မိုင်းထောင်ခကတ်တေလို့ ရွာသားတိက ပြောပါရေ။
ယင်းနောက် ယင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ယင်းတောင်နှစ်လုံးသို့ ရွာသူ/ရွာသားများ(လုံးဝ) မတက်ကတ်ရန်၊ ကျွဲ/နွားများကို (လုံးဝ)မတက်စီရန်နန့် ၎င်းတောင်များတွင် မိုင်းများထောင်ထားခကြောင်း ပြောကြားခရေလို့ ဆိုပါရေ။
မာ့ချ် ၃ ရက်နိ၊နိခင်း ၁၂ နာရီအချိန်ခန့်ကလည်းကျောက်ဖြူမြိုနယ်၊ ဂုံးချွိန်တိုက်နယ်၊ အောင်စေတီရွာဘုရားကုန်းမာ စခန်းချထားရေ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တိနန့်ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား၂၀ ခန့်စွာ အောင်စေတီရွာအောက်ဖက်ဟိ ကာရီဘောင်တလျှောက်မာ ၁ နာရီခန့်အကြာ မိုင်းထောင်မှုတိ ပြုလုပ်ခကတ်ပါရေ။
အလားတူ မာ့ချ် ၂ ရက်နိ၊ မိုးထ ၉ နာရီ အချိန်ခန့်ကလည်း ကျောက်ဖြူအခြီစိုက် ခလရ (၃၄) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တိ နန့် ရဲတပ်ဖွဲ့ဝင်တိ ပူးပေါင်းအင်အား ၅၀ လောက်စွာ သစ်ပုတ်တောင်တိုက်နယ်၊ စိုင်ခြုံဒွိန်ရွာသို့ရောက်လာပြီးကေ “စိုင်ခြုံဒွိန်၊ ရှောက်ချောင်း၊ကပ်သပြေ” ရွာတိက ဒေသခံရို့အဓိက အသုံးပြုလားလာနီရေ ဦးသန်းမြင့်ကာရီဘောင်ထက် လမ်းမအလယ်ဂေါင်တည့်တည့်နန့် ကာရီဘောင်ဘေးနားမာ မိုင်းတိကို ထောင်ထားခကတ်တေလို့ သိရပါရေ။
ကျောက်ဖြူ ဒေသခံတယောက်ကတော့ ” စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်တိုက်ခိုက်လာဖို့ကိုစိုးရိမ်ကြောက်လန့်ပြီးကေ လမ်းတိမာ မြီမြှုပ်မိုင်းတိ ထောင်နီပါရေ။ အယင်က ရီကြောင်း၊ လီကြောင်းတိကို ဖြတ်တောက်ရုံမက အဂုခါ ကုန်းလမ်းကိုပါ ပြည်သူတိလားလာမရအောင် လုပ်လာနီပါရေ။ စစ်ကောင်စီအနီနန့် အေရက်ပိုင်းကစလို့ နောက်ရက်တိမာလည်း အေထက်မက ကျယ်ကျယ်ပြန့်ပြန့် မိုင်းတိကို လာထောင်နိုင်ပါရေ။ ပြည်သူရို့အနီနန့် အထူးသတိ ပြု စောင့်ကြည့်ဖို့လိုရေပိုင် သတိထားလားလာကတ်ဖို့လည်း အထူးလိုအပ်ပါရေ” လို့ သုံးသပ်ပြောဆိုလားပါရေ။
