
APM ၊ ဖေဖော်ဝါရီ ၅ / ၂၀၂၃
ဒေနိ(ဖေဖော်ဝါရီ ၅ ရက်)နိတွင်ကျရောက်သော (၆၂) နှစ် မြောက် ကချင်တော်လှန်ရီးနိ အခမ်းအနားသို့ ညီနောင် မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နန့် ULA/AA ရို့မှ ဂုဏ်ပြုသဝဏ်လွှာ ပီးပို့ကြောင်း သိရသည်။
ယင်းသဝဏ်လွှာ၌ “၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ ဒေနိတွင် ကျရောက်သော (၆၂) နှစ်မြောက် ကချင်တော်လှန်ရီးနိအား လေးနက်စွာ ဂုဏ်ပြုကြိုဆိုပါသည်။ ကချင့်တော်လှန်ရီးအစမှ ဒေနိအထိ တော်လှန်ရီးလမ်းကြောင်း တလျှောက်တွင် အသက်၊ ဘဝ၊ ခန္ဓာ ပီးဆပ်စွန့်လွှတ် အနစ်နာခံခကတ်သော ကချင့်အာဇာနည်များ၊ သူရဲကောင်း အပေါင်းရို့အား ဦးညွတ်အလေးပြုအပ်ပါသည်” ဟု ဖော်ပြထားသည်။
ယင်းအပြင် ကချင့်တော်လှန်ရီး အယင်ဆုံးအောင်မြင်ပြီး ကချင်လွတ်လပ်ရီးအဖွဲ့/ ကချင်လွတ်လပ်ရီးတပ်မတော် (KIO/KIA) မှ ချမှတ်ထားသော မူဝါဒများနန့် ကချင်ပြည် သူလူထုတရပ်လုံး မျှော်လင့်တောင့်တနီသော မျှော်လင့်ချက်များ အယင်ဆုံးပြည့်ဝစီရန် ဆုတောင်းကြောင်းလေ့ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာ၌ ဖော်ပြပါ ဟိသည်။
