APM ၊ ဒီဇမ်ဘာ ၅ / ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၅ ရက်နိ) မွန်းလွဲက ဖြစ်ပွားခရေ ပေါက်တောမြို့နယ်၊ မနော်သီရီရွာကို တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမဟိပါဘဲနန့် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ဝင်ရောက်ပြီး၊ မီးတိုက်မှု ဖြစ်စဉ်အတွင်း အမျိုးသမီး တယောက် ဒဏ်ရာရလားပနာ၊ လူနီအိမ် ၁၁ ဆောင် မီးလောင်ပြာကျလားကြောင်း သိရပါရေ။
ဒေနိမွန်းလွဲ ၂ နာရီကျော်အချိန် င/ပြီကျွန်းအနားမာ တန့်ထားရေ စစ်ကောင်စီ နေဗီက ရွယ်ရည်ချက်ဟိဟိ လက်နက်ကြီး ပစ်ခတ်ပြီးကေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက လူနီအိမ်တိကို ဝင်ရောက်မီးတိုက်ခကတ်ပါရေ။
ယင်းဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် နေဗီက ပစ်ခတ်တေ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၉ နှစ်အရွယ် မအေးအေးချို ဆိုသူ အမျိုးသမီးတယောက်၏ ခြီထောက်မာ လက်နက်ကြီးကျည်စ ဖောက်ထွက် ဒဏ်ရာရဟိလားပါရေ။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တိက အကြမ်းဖက်ဝင်ရောက်မီးတိုက်မှုကြောင့် ကျေးရွာအတွင်းဟိ နီအိမ် ၁၁ ဆောင်လည်း မီးလောင်ပြာကျလားကြာင်း သိရပါရေ။