
APM၊ နိုဗမ်ဘာ ၅ /၂၀၂၃
၁၀၂၇ စစ်ဆင်ရီးစတင်ခရေ အောက်တိုဘာ ၂၇ ရက်နိက ဒေနိ(နိုဗမ်ဘာ ၅ ရက်နိ) အထိ စစ်ဆင်ရီး (၁၀) ရက်တာ ကာလ အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း (၁၂၀) ကျော်ကို သိမ်းပိုက်နိုင်ခကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ဒေနိညဇာ ၅ နာရီ ၅ မိနစ်အချိန် ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “ဒေနိ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလ (၅) ရက်နိစွာ ၁၀၂၇ စစ်ဆင်ရီး ဆင်နွှဲလာရေ (၁၀) ရက်မြောက်နိ ဖြစ်ပါရေ။ စစ်ဆင်ရီး (၁၀) ရက်တာကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့စွာ ရန်သူစစ်ကောင်စီ၏ စစ်ရီးအရအရေးပါရေ တပ်စခန်းအကြီး၊ အငယ်တိ၊ ရဲဖက်၊ အုပ်ချုပ်ရီးဖက်ဆိုင်ရာစခန်းတိ၊ ၎င်းရို့၏ လက်အောက်ခံပြည်သူ့စစ်စခန်းတိ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်ကို သိမ်းပိုက်ခပြီးကေ တင့်ကားကြီးတိ၊ ဟောင်ဝစ်ဇာလက်နက်ကြီးတိ၊ လီယာဉ်ပစ်လက်နက်ကြီးတိနန့် စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရဟိခပါရေလို့ ဖော်ပြထားပါရေ။
ဒေနိမာလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲက ကိုးကန့်တပ်မတော် (MNDAA) နန့် တအာင်းတပ်မတော် (TNLA)ရို့စွာ ၎င်းရို့၏ စစ်ဆင်ရီးပစ်မှတ်တိဖြစ်တေ ရန်သူ့တပ်စခန်းတိထဲကတချို့ကို ထပ်မံချေမှုန်းသိမ်းပိုက်ခရေလို့ ဆိုပါရေ။
ဒေနိမိုးထ ၁၀ နာရီ ၁၀ မိနစ်အချိန်လောက်မာ MNDAAစွာ မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသဟိ စစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ်ဆင်ခပြီးကေ ၁၀ မိနစ်လောက်အကြာမာ အပြီးသတ်ချေမှုန်း သိမ်းပိုက်ခရေလို့ သိရပါရေ။
TNLA ကလည်း ဒေနိမိုးထ ၆ နာရီ လောက်မာ ၎င်းရို့၏ တပ်မဟာ (၃) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုဟိ စစ်ကောင်စီ၏ မန်ဝင်တပ်စခန်းနန့် သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာဟိ စစ်ကောင်စီတပ်စခန်းကို တပြိုင်တည်း အပြီးသတ်ချေမှုန်းသိမ်းပိုက်ခပါရေ။
ဒေနိမိုးထ ၅ နာရီက အချိန်ခန့်တွင် တိုက်ပွဲဖြစ်တေနီရာသို့ စစ်ကူလာရေ စစ်ကောင်စီတပ်စစ်ကား (၄) စီးကို လားသျှိုးနန့် သိန္နီကြား (၁၄ – ၁၅ မိုင်) ကြားဟိ နမ့်တွန်ကျေးရွာအနားမာ TNLA က ကြားဖြတ်တိုက်ခိုက်ခပြီးကေလက်နက် (၂) လက်၊ စစ်အသုံးအဆောင်ပစ္စည်းတိနန့် စစ်ကား (၄) စီးလုံးကို သိမ်းထားလိုက်တေလို့ ထုတ်ပြန်ချက်မာဖော်ပြပါရေ။
အလားတူ TNLA စွာ ဒေနိနိခင်း ၁၂ နာရီလောက်က တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာဟိ စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခပါသိမ့်ရေ။
နိုဗမ်ဘာ (၄) ရက်န တရက်တည်းမာပင် ကိုးကန့်တပ်မတော် (MNDAA) နန့် ရက္ခိုင့်တပ်တော် (AA) ရို့စွာ ကိုးကန့်ခရိုင်နန့် မုံးကိုးဒေသအတွင်း စစ်ရီးအရအရေးပါရေ ရန်သူ့တပ်စခန်းပေါင်း (၈) ခုထက်မနည်း အပြီးသတ်ချေမှုန်း သိမ်းပိုက်ခရေလို့လည်း သိရပါရေ။
စစ်ဆင်ရီးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ မြီပြင်ထိုးစစ်တိကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမဟိဘဲ လက်နက်ချ အလင်းဝင်လူတိနန့် ထွက်ဗြီးကတ်တေလူတိ များပြားလာပြီးကေ စစ်ကောင်စီစွာ လီကြောင်းပစ်ကူတိုက်ခိုက်မှုတိကိုရာ အားထားလာရစွာကို တွိရပနာ တိုက်ပွဲနန့် မသက်ဆိုင်ရေ နီရာဒေသတိကို ဦးတည်တိုက်ခိုက်ရေ လီကြောင်း တိုက်ခိုက် မှုတိကြောင့် အရပ်သားပြည်သူတိ သီဆုံးခရရေပိုင် လူနီအိမ်အဆောက်အအုံတိလည်း ထိခိုက်ပျက်စီးခရေလို့ သိရပါရေ။
ယင်းအပြင် ရက္ခိုင့်တပ်တော် (AA) အခြီစိုက်လှုပ်ယှားရာ ရက္ခိုင်ဒေသအတွင်းမာလည်း စစ်ကောင်စီစွာ ၁၀၂၇ စစ်ဆင်ရီးကာလအတွင်း စစ်ရီးအင်အားဖြည့်တင်းစွာတိကို ပိုမိုပြုလုပ်လာရေပိုင် သူရို့စိုးမိုးရေ ရက္ခိုင်မြို့ကြီးတချို့မာ အရပ်ဖက်အဖွဲ့အစည်းတိကို စစ်ဆီးမိန်းမြန်းစွာနန့် လုံခြုံရီးတိုးမြှင့်စွာတိ ပိုမိုလုပ်ဆောင်လာနီကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားချက်အရ သိဟိရပါရေ။
