APM ၊ အောက်တိုဘာ ၅/၂၀၂၂
ရက္ခိုင်နန့်ပလက်ဝအတွင်း စစ်ဖီးယှောင်ဦးရေ အရေအတွက် နန့် ဆက်စပ်အချက်အလက်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) မှ အောက်တိုဘာ ၅ ရက်နိတွင် ထုတ်ပြန် ထားသည်။
ULA/AA ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း ရက္ခိုင် နန့် ပလက်ဝ၌ စစ်ဖီးယှောင်စခန်းပေါင်း(၁၅၀)ခု၊စစ်ဖီးယှောင် အိမ်ထောင်စုပေါင်း (၂၀၃၅၇)စု၊စစ်ဖီးယှောင်လူဦးရေစုစုပေါင်း (၈၂၄၁၉)ယောက်၊ မွီးကင်းစအချေ (၂၁၀၁) ယောက် ဟိကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ၂၀၂၂ ခုနှစ်၊ ဩဂတ်စ်နန့်စပ်တင်ဘာ (၂)လအတွင်း ထပ်တိုးလာသည့် ရက္ခိုင်ပြည်၊မြို့နယ်အလိုက် စစ်ဖီးယှောင်ဦးရေ နန့် ဆက်စပ်အချက်အလက်များအား ဖော်ပြထားသည့်အပြင်၊ စစ်ဖီးယှောင်စခန်းဟိ ကိုယ်ဝန်ဆောင်၊ နာမကျန်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာသျှင်များ၊ကျောင်းသား/ကျောင်းသူများ၏အရေအတွက်အပြင် စစ်ဖီးယှောင်များအား ကူညီထောက်ပံ့နီသော အဖွဲ့အစည်းများ အရေအတွက်ကိုပါ ထည့်သွင်း ဖော်ပြထားသည်ကို တွိရသည်။
(Zawgyi)
ရက္ခိုင်နန့်ပလက်ဝဟိ စစ်ဖီးယှောင်ဦးရေ နန့် ဆက်စပ်အချက်အလက်များကို ULA/AA ထုတ်ပြန်
APM ၊ အောက်တိုဘာ ၅/၂၀၂၂


