APM ၊ အောက်တိုဘာ ၅/၂၀၂၂
ဒေနိ(အောက်တိုဘာ ၅ရက်နိ)၊ညည့် ၈ နာရီခွဲခန့်က ကျောက်တော်မြို့နယ်၊ ဂေါင်းတုတ်(ရခိုင်)ရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် များ စီးနင်းဝင်ရောက်ပြီး တရွာလုံးကို သီနတ်များဖြင့် ဖြိုပစ်ပြီးကာ ရွာကိုပါ မီးတိုက်နီကြောင်း သတင်းရဟိသည်။
အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းတွင် အင်အား ၆၀ ခန့်ပါဟိပြီး၊ ညဇာ ၇ နာရီကျော်ကပင် ဂေါင်းတုတ်ရွာနားသို့ရောက်လာကာ ရွာအနောက်ဖက် သင်္ချိုင်းအနား၌ ကင်းပုန်းဝတ်နီခသည်ဟု သိရသည်။
ယင်းနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရပ်စပ်ပစ်ခတ်လျက် ဂေါင်းတုတ်ရွာအတွင်းသို့ဝင်ရောက်လာပြီး လူနီအိမ် များကို မီးတိုက်ဖျက်စီးခခြင်းဖြစ်သည်။
ယင်းသို့ စစ်ကောင်စီတပ်၏မီးတိုက်ပျက်ဆီးမှုကြောင့် ဂေါင်းတုတ်ရွာမှ ဦးမောင်ငြိမ်း(၃၆နှစ်)၏ နီအိမ်အပါအဝင် နီအိမ်တချို့ မီးလောင် ပြာကျလားသည်ဟု သိရသည်။
(Zawgyi)
APM ၊ အောက်တိုဘာ ၅/၂၀၂၂