မင်းပြားတွင် စစ်ကောင်စီတပ်က ရပ်ရွာများသို့ လက်နက်ကြီးပစ်ခတ်နီ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
APM ၊ အောက်တိုဘာ ၅/၂၀၂၂
မင်းပြားမြို့နယ်တွင် ဒေနိ (အောက်တိုဘာ ၅ ရက်နိ) ညည့်အချိန်၌ စစ်ကောင်စီတပ် စကခ (၉) လက်အောက်ခံ ခမရ(၅၄၁) တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမဟိပါဘဲ အနီအနားရပ်ရွာများသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နီပြီး၊ အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရလျက်ဟိကြောင်း သတင်းရဟိသည်။
ယင်းသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရနီသည့်အထဲတွင် ဒေနိ ညည့် ၈နာရီခွဲမှစ၍ စစ်ကောင်စီတပ်ခမရ(၅၄၁) တပ်ရင်း၏ (၁၄၄) ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များသည် မင်းပြားမြို့နယ်၊ဂြမ်းတိုက်ကျေးရွာအနား၌ ကျရောက်ပေါက်ကွဲရာ ဂြမ်းတိုက်ကျေးရွာမှ ဒေါ်စိန်အေးနု(၄၅နှစ်) ၏ လိုင်ပင်း နန့် လက်မောင်း ရို့တွင်ထိမှန်၍ ဒဏ်ရာများ ရဟိလားခသည်။ နောက်ထပ် ထိခိုက်မှုများလေ့ ဟိနီကြောင်းသိရသည်။
အသေးစိတ်အချက်အလက်များကို APM မှ ဆက်လက်စုံစမ်းလျက်ဟိပါသည်။
(Zawgyi)
Breaking News
APM ၊ ေအာက္တိုဘာ ၅/၂၀၂၂
မင္းျပားၿမိဳ႕နယ္တြင္ ေဒနိ (ေအာက္တိုဘာ ၅ ရက္နိ) ညည့္အခ်ိန္၌ စစ္ေကာင္စီတပ္ စကခ (၉) လက္ေအာက္ခံ ခမရ(၅၄၁) တပ္ရင္းမွ တိုက္ပြဲျဖစ္ပြားျခင္းမဟိပါဘဲ အနီအနားရပ္႐ြာမ်ားသို႔ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ပစ္ခတ္နီၿပီး၊ အျပစ္မဲ့ ျပည္သူမ်ား ထိခိုက္ဒဏ္ရာရလ်က္ဟိေၾကာင္း သတင္းရဟိသည္။
ယင္းသို႔ စစ္ေကာင္စီတပ္၏ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ အျပစ္မဲ့ျပည္သူမ်ား ထိခိုက္ဒဏ္ရာရနီသည့္အထဲတြင္ ေဒနိ ညည့္ ၈နာရီခြဲမွစ၍ စစ္ေကာင္စီတပ္ခမရ(၅၄၁) တပ္ရင္း၏ (၁၄၄) ဗ်ဴဟာကုန္းမွ ပစ္ခတ္လိုက္ေသာ လက္နက္ႀကီး က်ည္မ်ားသည္ မင္းျပားၿမိဳ႕နယ္၊ျဂမ္းတိုက္ေက်း႐ြာအနား၌ က်ေရာက္ေပါက္ကြဲရာ ျဂမ္းတိုက္ေက်း႐ြာမွ ေဒၚစိန္ေအးႏု(၄၅ႏွစ္) ၏ လိုင္ပင္း နန႔္ လက္ေမာင္း ႐ို႕တြင္ထိမွန္၍ ဒဏ္ရာမ်ား ရဟိလားခသည္။ ေနာက္ထပ္ ထိခိုက္မႈမ်ားေလ့ ဟိနီေၾကာင္းသိရသည္။
အေသးစိတ္အခ်က္အလက္မ်ားကို APM မွ ဆက္လက္စုံစမ္းလ်က္ဟိပါသည္။