APM၊ အောက်တိုဘာ ၅/၂၀၂၂
ရသေ့တောင်မြို့နယ်တွင် ဒေနိ အောက်တိုဘာ ၅ ရက်နိ၊ မိုးထပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားခြင်း(လုံးဝ)မဟိဘဲ စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာလီယာဉ်တစီးဖြင့် လူနီရပ်ရွာများကို ပစ်ခတ်တိုက်ခိုက်နီပြီး၊ တချိန်တည်းမှာ မြီပြင်ဟိ စစ်ကောင်စီ တပ်စခန်းများမှလေ့ လက်နက်ကြီးများဖြင့် တရစပ် ဆက်တိုက် ပစ်ခတ်နီကြောင်း သိရသည်။
ဒေနိမိုးထ ၁၀ နာရီခန့်က စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာတစီးဖြင့် ရသေ့တောင်မြို့နယ်-မညှင်းတောင်ရွာ၊ သမီးလှရွာသစ်နန့် ကုန်တန်းရွာများ အနီးတဝိုက်သို့ ပစ်ခတ်တိုက်ခိုက်ခသည်ဟု ဒေသခံများက ဆိုသည်။
“ဒေနိမိုးထပိုင်းက ဂျက်တစီးနန့် လာလို့ပစ်တေ။ မညှင်းတောင်ရွာအောက်က တောကျောင်းကို ပစ်ပါရေ။ ပြီးကေ ကုလားချောင်းနန့် ရက်ခုန်တိုင်နားတိကိုလေ့ ပစ်တေ”ဟု ဒေသခံရွာသားတယောက်က APM သို့ ပြောကြားသည်။
လက်ဟိအခြေအနေအရ ရသေ့တောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော် AAနန့် စစ်ကောင်စီတပ်ရို့ စစ်ရီးတင်းမာနီကေလေ့ တိုက်ပွဲ ဖြစ်ပွားမှု လုံးဝမဟိဘဲ ဂျက်ဖိုက်တာနန့် လာရောက်ပစ်ခတ်နီခြင်းဖြစ်သည်ဟု သူက ဆိုသည်။
ယင်းအပြင် ဒေနိ မိုးထ ၇ နာရီခန့်မှစ၍ စစ်ကောင်စီတပ်၏ ရီစိုးချောင်းဗျူဟာနန့် မညှင်းတောင်တပ်စခန်းများမှ သမီးလှရွာသစ်၊ ကုန်တန်းရွာ၊ ရီမျက်ရွာ၊ ရီပုတ်ရွာ၊ အောင်မြီကုန်းနန့် ဆောက်ခတ်ရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်နီ ကြောင်းလေ့ ဒေသခံရွာသားများက ပြောသည်။
စစ်ကောင်စီတပ်မှ ရပ်ရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနန့်ပတ်သက်၍ မညှင်းတောင်ရွာသားတယောက်က”ရီစိုးချောင်းဗျူဟာကနီ မိုးထက ၃ လုံးပစ်ခရေ။ တနားချေကလေ့ ၂ လုံးပစ်တေ။ ကျနော်ရို့ မညှင်းတောင်ကတော့ခါ လက်နက်ကြီးပါ၊ လက်နက်ချေပါ ရွီမရ ယာ။ ရွာနားတိမှာ ကျပါရေ”ဟု ဆိုသည်။
ယင်းသို့ စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်မှုများကြောင့် ရသေ့တောင်မြို့နယ်၊ မောင်ဖြူရွာမှ ဒေသခံတယောက် လက်နက်ကြီးကျည်စထိမှန်ပြီး လက်မောင်းဒဏ်ရာရဟိလားခသည်ဟု ဆိုသည်။
ယင်းသို့ စစ်ကောင်စီ၏လူမဆန်စွာ ပစ်ခတ်မှုများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နီရပြီး ရပ်ရွာများကိုစွန့်ခွာ၍ ရွာလုံးကျွတ်နီးပါး တိမ်းယှောင်နီကတ်ရကြောင်းလေ့ သိရသည်။
အောက်တိုဘာ ၄ ရက်နိ၊ မိုးထကလေ့ ရသေ့တောင်အခြီစိုက် စစ်ကောင်စီတပ် ရီစိုးချောင်းဗျုဟာမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တရစပ် ပစ်ခတ်တိုက်မှုကြောင့် အနီးအနားရွာများဖြစ်သည့် အောင်ဇေယျ၊ သမီးလှရွာသစ်၊ ရွာဟောင်း၊ ကုန်းတန်း အစဟိ သည့် ရပ်ရွာများအနားတွင် ကျရောက်ပေါက်ကွဲခပြီး၊ ယင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် ရီမျက်ရွာမှ နွားတကောင်သီဆုံးခ သည်ဟု ဒေသခံများက ပြောပါသည်။
အလားတူ ဩဂတ်စ် ၃၀ ရက်နိကလေ့ ခမရ (၂၀၂) မညှင်းတောင်တပ်စခန်းမှပင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အနီး အနားရွာများသို့ပစ်ခတ်တိုက်ခရာ၊ ၎င်းပတ်ဝန်းကျင်ဟိ ရွာပေါင်း ၉ ရွာမှ ဒေသခံပြည်သူ ၅၀၀၀ ကျော်ခန့် ဖီးလွတ်ရာသို့ တိမ်းယှောင် ခကတ်ရသည်။
လက်ဟိ ရက္ခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ စစ်ရီးတင်းမာမှုများ မြင့်တက်နီသည့်အပြင် တိုက်ပွဲများလေ့ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ဟိပြီး၊ စစ်ကောင်စီတပ်က အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ အဖြစ်အသုံးပြုခြင်း၊ တိုက်ပွဲနန့် မသက်ဆိုင်သည့် လူနီရပ်ရွာများကို လက်နက်ကြီးလက်နက်ငယ်များ၊ စစ်ရဟတ်ယာဉ်၊ ဂျက်တိုက် လီယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးတိုက်ဖျက်ဆီးခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက်ဟိကြောင်း သိဟိရပါသည်။
(Zawgyi)
ရသေ့တောင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လီယာဉ်တစီးဖြင့် ရပ်ရွာများကို ပစ်ခတ်တိုက်ခိုက်နီ၊ တပ်စခန်းများမှလေ့ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နီ
APM၊ အောက်တိုဘာ ၅/၂၀၂၂