APM ၊ ဂျန်နဝါရီ ၅/ ၂၀၂၄
ဂျန်နဝါရီ ၄ ရက်နိ၊မိုးထက မင်းပြားမြို့နယ်၊ င/စရိုင်းတောင်အနား၊ မင်းရွာနန့်ဖားပြိုရွာအကြား ရန်ကုန်-စစ်တွေ ကားလမ်း ဘေးမာ စစ်ကောင်စီတပ် ခလရ (၁၄၄) က တပ်ဖွဲ့ဝင်တိနန့် ရက္ခိုင့်တပ်တော် (AA) ရို့ကြား တိုက်ပွဲဖြစ်ပွားခရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်း ထုတ်ပြန်ပါရေ။
သတင်းထုတ်ပြန်ချက်မာ”မိုးထ(၁၀) နာရီကျော်အချိန်ခန့်က ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ င/စရိုင်းတောင်အနား၊ မင်းရွာနန့် ဖားပြိုရွာကြားဟိ ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် မင်းပြားအခြီစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၁၄၄) တပ်ဖွဲ့ဝင်များနန့် ရက္ခိုင့်တပ်တော်(AA)ရို့ ကြား ထိတွိတိုက်ပွဲဖြစ်ပွားခသည်” လို့ ဖော်ပြပါရေ။
ယင်းနောက် စစ်ကောင်စီတပ် မင်းပြားအခြီစိုက်တပ်ရင်းနန့် မင်းပြား၊ ရာမောင်တန်းထားနား အခြီချတပ်စွဲထားရေ တပ်စခန်းတိကလည်း တိုက်ပွဲဖြစ်ပွားခရေ အနားတဝိုက်ရပ်ရွာတိသို့ လက်နက်ကြီး၊ လက်နက်ချေတိနန့် ပစ်ခတ် တိုက်ခိုက်ခရေ လို့ ဆိုပါရေ။
လက်ဟိမာ ပေါက်တော၊ ရမ်းဗြဲ၊ မင်းပြား၊ အမ်းမြို့တိနန့် မြို့ပတ်ဝန်းကျင်တိမာ ကြိုကြားကြိုကြားတိုက်ပွဲတိ ဆက်လက်ဖြစ်ပွားနီရေအတွက် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲ ဧရိယာတိ ပိုကျယ်ပြန့်လာနီကြောင်းလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၄ ရက်နိမာ ထုတ်ပြန်ထားပါရေ။