
APM၊ ဂျန်နဝါရီ ၅ /၂၀၂၄
ဂျန်နဝါရီ ၃ ရက်နိက ပလက်ဝမြို့နယ်မာ အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ယောက်သီဆုံးလားပြီးကေ ၂ ယောက်ပြင်းပြင်ထန်ထန်ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားရေလူတိစွာ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်က မောင်ထွန်းကိုလေး (၁၄ နှစ်)နန့် ပလက်ဝမြို့အရှိဖက်ကမ်း၊ အိန္ဒိယဆိပ်ကမ်းက ဆောက်လုပ်ရီးလုပ်သား ကိုဝေလွင်(၃၀နှစ်)ရို့ဖြစ်ပြီးကေ ဒဏ်ရာရလားရေလူတိကတော့ ရိက္ခာရပ်ကွက် ဦးအောင်ဘဲ (၅၇ နှစ်)နန့်ဒေါ်အောင်မ (၅၁ နှစ်)ရို့ဖြစ်ပါရေ။
ဂျန်နဝါရီ ၃ ရက်နိ၊ ညဇာ ၇ နာရီလောက်က ပလက်ဝအခြီစိုက် စစ်ကောင်စီတပ်ရင်းတိကနီ မြို့ပေါ်ရပ်ကွက်တိကို လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်ခပါရေ။
ယင်းလက်နက်ကြီးကျည်တိထဲက ပလက်ဝမြို့အရှိဖက်ကမ်းဟိ အိန္ဒိယဆိပ်ကမ်းအနားမာ တလုံးကျရောက်ပေါက်ကွဲခလို့ ဆောက်လုပ်ရီးလုပ်သား ကိုဝေလွင်၏ ရင်ညွှန့်နန့် ပေါင်မာ လက်နက်ကြီးကျည်ကျစပြီးကေ သီဆုံးလားခရပါရေ။
ယင်းအပြင် ယင်းနိညည့် ၁၀ နာရီမာလည်း စစ်ကောင်စီတပ်ပစ်လိုက်တေ လက်နက်ကြီးကျည်တလုံးစွာ ရိက္ခာ ရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခလို့ ယင်းရပ်ကွက်နီ မောင်ထွန်းကိုလေး သီဆုံးလားပနာ မိဖတိဖြစ်တေ ဦးအောင်ဘဲနန့်ဒေါ်အောင်မရို့မာလည်း အပြင်းအထန်ဒဏ်ရာရဟိလားပါရေ။
လက်ဟိမာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားကတ်တေ ဦးအောင်ဘဲနန့်ဒေါ်အောင်မရို့မာ အရေးပေါ်လူနာအဖြစ် ပလက်ဝမြို့ဆီးရုံကြီးမာ ဆီးကုသမှုခံယူနီကြောင်း သိရပါရေ။
