APM ၊ ဂျန်နဝါရီ ၅ / ၂၀၂၄
ရသေ့တောင်မြို့နယ်မာတိုက်ပွဲဖြစ်ပွားခြင်းမဟိပါဘဲ ဂျန် နဝါရီ ၄ရက်နိ၊ညည့် ၈နာရီကျော်လောက်က အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးတိနန့်တလိတမင်ယမ်းကား ပစ်ခတ်လို့ ရသေ့တောင်မြို့နယ်၊ ခရုချောင်းရွာမာ စစ်ဖီးယှောင်နီရေ ကျောင်းသူ တယောက် သီဆုံးလားခရရေလို့ သိရပါရေ။
အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကျလို့ သီဆုံးလားခရေ ကျောင်းသူကတော့ ရသေ့တောင်မြို့ နယ်၊ရီစိုးချောင်းရွာက အသက် ၁၈ နှစ်အရွယ် မစုမြတ်ခိုင် ဖြစ်ပါရေ။
မစုမြတ်ခိုင်စွာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၂ဘာသာ နန့် အောင်မြင်ထားသူဖြစ်ပြီးကေ လက်ဟိ ရသေ့တောင်မြို့နယ်၊ ခရုချောင်းရွာမာ မိသားစုနန့်အတူ စစ်ဖီးယှောင်နီစွာဖြစ်ပါရေ။
ဂျန်နဝါရီ ၄ ရက်နိ ညည့် ၈ နာရီ ၁၀မိနစ်က အကြမ်းဖက် စစ်ကောင်စီတပ်၊ ရီစိုးချောင်းဗျူဟာက အနားတဝိုက်ဟိ ရပ်ရွာ တိကိုလက်နက် ကြီးတိနန့် ယမ်းကား ပစ်ခတ်ခရာ ခရုချောင်းရွာထဲသို့ လက်နက်ကြီးကျည် ၄ လုံးကျရေလို့ ရွာသားတိက ပြောပါရေ။
လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မစုမြတ်ခိုင်၏ ရင်ဖတ်ကို လက်နက်ကြီးကျည်စထိမှန်လားပနာ မိနစ်ပိုင်းအတွင်း ဆုံးပါးလားခရပြီးကေ၊ ခရုချောင်းရွာကဒေါ် ဦးဝင်းသိန်း(၄၃နှစ်)မာတော့ ညာဖက်လက်တန်းတောင်ဆစ် ဒဏ်ရာရလားကြောင်း သိရပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်(AA)နန့် စစ်ကောင်စီတပ်ရို တကျော့ပြန်တိုက်ပွဲတိ ပြန်လည်စတင်ခပြီးနောက်ပိုင်း စစ်ကောင်စီစွာ အပြစ်မဲ့အရပ် သားပြည်သူတိနီထိုင်ရေ မြိုရွာတိကိုလက်နက် ကြီး၊လက်နက်ချေတိ၊ စစ်သင်္ဘော၊ ဒရုန်း၊ ရဟတ်ယာဉ်၊ တိုက်လီယာဉ်တိနန့် ရည်ရွယ်ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်လိုဟိနီပြီးကေ သီဆုံးဒဏ်ရာရမှုတိကလည်း တနိတခြား တိုးပွားလို့ လာနီပါရေ။