Operation 1027 ၁၀၂၇ စစ်ဆင်ရီး(၇၁) ရက်မြောက်နီ သျှမ်းမြောက်ဒေသအတွင်း ကနဦးတိုက်ပွဲသတင်းများ
၁၀၂၇ စစ်ဆင်ရီးဖော်ဆောင်သည့် ရက်ပေါင်း (၇၁) ရက်ကာလအတွင်း စစ်ကောင်စီ၏ရာချီသော စခန်းများနန့် မြို့ကြီး တချို့ကို မိမိရို့ညီနောင်မဟာမိတ်သုံးဖွဲ့မှ သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ တပြိုင် နက်တည်းတွင် စစ်ကောင်စီ၏ စစ်ယှုံးကာ စွန့်လွှတ်လိုက်ရသောစခန်းများထဲမှ တပ်ဖွဲ့ဝင်တချို့သည် ၎င်းရို့၏မိခင်အဖွဲ့အစည်းထံမရောက်ဘဲ ပုံစံအမျိုးမျိုးဖြင့် နီရာအမျိုးမျိုးတွင် ထွက်ဗြီးလွတ်မြောက်နီကတ်တုန်းဖြစ်သည်။
ယင်းသို့ ထွက်ဗြီးလွတ်မြောက်နီသော ဖက်ဆစ်တပ် စစ်ကောင်စီတပ်သားတချို့သည် မိမိရို့ဒေသအတွင်းဟိ ရပ်ရွာများအနားတွင်လည်းကောင်း၊ မိမိရို့သိမ်းပိုက်ထားသော စခန်းအနားပတ်ဝန်းကျင်များ၌လည်းကောင်း၊ သံလွင်မြစ်ကြောတလျှောက်တွင်လည်းကောင်း အစုလိုက်စုဖွဲ့သည့်ပုံစံမျိုးဖြင့် ပြန့်ကြဲစွာဟိနီကတ်သည်မာ မိမိရို့ပြည်သူ လူထုများနန့် မိမိရို့တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်ကြီးစွာ ဟိလှသည်။
အခြားတဖက်တွင် စစ်ကောင်စီ၏ လက်ဝယ်ခံပြည်သူ့စစ်တချို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အွန်လိုင်းလောင်း ကဇတ်(ကျဖျင်) လိမ် လည်သူများ၊ စစ်ကောင်စီ၏ အကာအကွယ်ကိုယူပြီး လုပ်စားနီကတ်သော မူးယစ်ဆီးဝါး ရောင်းဝယ်သူများသည် ထွက်ဗြီး လွတ်မြောက်နီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့်တတူ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နန့် မော်ဖဒေသများအတွင်း အတူထွက်ဗြီးတိမ်းယှောင်ခြင်းအပြင် လက်နက်၊ စစ်အင်အားဖြည့်တင်းခြင်းရို့ကိုပါ လုပ်ဆောင်နီကြောင်း သိဟိရသည်။
ယင်းကြောင့် မိမိရို့ညီနောင်မဟာမိတ် (၃) ဖွဲ့အနီနန့် အွန်လိုင်းလောင်းကဇတ် (ကျဖျင်) လိမ်လည်သူများကို အကာအကွယ် ထပ်မံပီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုအတွက် အန္တရာယ်ကောင်ဖြစ်သော စစ်ကောင်စီတပ် ဖွဲ့ဝင်များနန့် မူးယစ်ဆီးဝါးရောင်း ဝယ်နီကတ်သူများကို အထက်ဖော်ပြပါနီရာများအပြင် အခြားသော အလားတူ ခိုအောင်းနီသည့်နီရာများ၌ပါ လိုက်လံဖမ်းဆီးခြင်းနန့် နယ်မြီယှင်းလင်းခြင်းလုပ်ငန်းများကို ထပ်မံလုပ်ဆောင် လားမည်ဖြစ်ပါသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA
operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa