APM ၊ ဂျန်နဝါရီ ၅ / ၂၀၂၃
ရုသျှစစ်သား ၈၉ ယောက်ထက်မနည်း ကျဆုံးခရသည့် ယူကရိန်းဒုံးကျည် တိုက်ခိုက်ခံရမှုသည် မိမိရို့ရုသျှ စစ် သားများ မိုဘိုင်းဖုန်းတရားမဝင်သုံးစွဲသည်ကို ရန်သူက ခြီရာခံမိလား၍ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ရုသျှကာ ကွယ်ရီးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယူကရိန်းနိုင်ငံ၊ ဒွန်းနက်စ်ဒေသအတွင်း ရုသျှသိမ်းပိုက်ထားသည့် Makivaka မြို့ဟိ ရုသျှတပ်စခန်းများကို နှစ်သစ် ကူးအကြိုနိမှာ ယူကရိန်းက ဒုံးကျည်များဖြင့် တိုက်ခိုက်ခခြင်းဖြစ်သည်။
ယင်းသို့ ယူကရိန်း၏ တိုက်ခိုက်မှုနန့် ပတ်သက်၍ ရုသျှ ကာကွယ်ရီးဝန်ကြီးဌာန က “ယူကရိန်းတပ်များ၏ တိုက် ခိုက်မှုကြောင့် မိမိရို့ စစ်မှုထမ်း ၈၉ ယောက် ကျဆုံးခရသည်”ဟု ထုတ်ဖော် ပြောကြားထားသည်။
“တိုက်ခိုက်ခံရသည့် အဓိကအကြောင်းရင်းမှာ မိမိရို့တပ်ဖွဲ့ဝင်များ ခွင့်ပြုချက်မဟိဘဲ မိုဘိုင်းဖုန်းများကို စည်းမဲ့ ကမ်းမဲ့ အသုံးပြုမှုကြောင့် ဖြစ်ရသည်”ဟု ရုသျှကာကွယ်ရီးဝန်ကြီးဌာနက ဆိုပါသည်။
မိုဘိုင်းဖုန်းများကို ခြီရာခံပြီး၊ ယူကရိန်း၏တိုက်ခိုက်မှုကြောင့် ရုသျှစစ်သား ၈၉ ယောက် ကျဆုံးခသည်ဟု ရုသျှ ကာကွယ်ရီးဖက်က ပြောဆိုသော်လေ့၊ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကတော့ အဆိုပါတိုက်ခိုက်မှုအတွင်း Makivakaမြို့ဟိ “ရုသျှသက်မွေးသင်တန်းကျောင်း”က ရုသျှစစ်သား ၄၀၀ လောက် သီဆုံးလားကြောင်းထုတ်ပြန် ထားသည်။
Photo – The Gaurdian