![](https://arakanprincess.media/wp-content/uploads/2023/01/111.jpg)
APM ၊ ဂျန်နဝါရီ ၅ / ၂၀၂၃
စစ်တွေမှာ ALPမှ ခိုင်စိုးမြ၊ ခိုင်ကျော်စိုးနန့် ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒရို့ပစ်သတ်ခံရမှုသည် ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)နန့် ပတ်သက်မှု (လုံးဝ)မဟိဘဲ ALPအချင်းချင်းတိုက်ခိုက်နီကတ်ခြင်းရာ ဖြစ်နိုင် ကြောင်း ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
ခိုင်စိုးမြ၊ ခိုင်ကျော်စိုးနန့် ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ ရို့သည် ကုန်ခသည့် ဂျန်နဝါရီ ၄ ရက်နိတွင် စစ်တွေမြို့၊ စက်ရုံ စုရပ်ကွက်၊ ဆီတန်းနားမှာ နာမည်မသိသူများ၏ ပစ်သတ်ခြင်းကို ခံခရပြီး သူရို ၃ ယောက်ကို ULA/AA က ပစ် သတ်ခြင်းဖြစ်သည်ဟု ALP က ဒေနိ (ဂျန်နဝါရီ ၅ ရက်နိ)၌ စွပ်စွဲထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်နန့် ပတ်သက်၍ ဦးခိုင်သုခက “ဒေချင့် ကျနော်ရို့ကို အခြီအမြစ်မဟိ စွပ်စွဲစွာရာ ဖြစ်ပါရေ။ ULA/AA ကို သက်သက် နာမည်ပျက်အောင်လုပ်စွာပါရာ။ ဒေကိစ္စက ကျနော်ရို့နန့် လုံးဝပတ်သက်မှုမဟိပါ” ဟု ဆိုသည်။
ယင်းအပြင် ခိုင်စိုးမြ၊ ခိုင်ကျော်စိုးနန့် ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ ပစ်သတ်ခံရမှုသည် သူရို့ALP အချင်းချင်း နှစ်ဖွဲ့ ကွဲပြီး၊ တဖက်နန့်တဖက် တိုက်ခိုက်နီကတ်ခြင်းဖြစ်သည့်အပြင်၊ ရက္ခိုင်ပြည်သူလူထု ထောက်ခံမှု(လုံးဝ) မဟိဘဲ နာမည်သီနီသော ALP ကို နာမည်ရအောင်၊ရက္ခိုင်ပြည်သူလူထုထောက်ခံမှုရအောင်လုပ်ခြင်းလေ့ ဖြစ်နိုင်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။
Photo – MDTV
![](https://arakanprincess.media/wp-content/uploads/2023/01/111.jpg)