APM ၊ ဂျန်နဝါရီ ၅ / ၂၀၂၃
ရက္ခိုင်ပြည်တွင် ကွန်ပျူတာစနစ် အဆင့်မြှင့်တင်နီသောကြောင့်ဟု အကြောင်းပြကာ စစ်ကောင်စီ က နိုင်ငံကူး လက်မှတ်ထုတ်ပီးခြင်းကို ၂ ပတ် တန့် ထားလိုက်သည်။၊
စစ်တွေမြို့ ၌ နိုင်ငံကူးလက်မှတ် ထုတ်ပီးခြင်းကို ဂျန်နဝါရီလ ၁ ရက်နိမှစ၍ ပိတ်ထားခခြင်း ဖြစ်သည်။
စစ်တွေ နိုင်ငံကူးလက်မှတ်ထုတ်ပီးရီးရုံးကို ယာယီပိတ်ထားကေလေ့ မြန်မာပြည်၊ရန်ကုန်က တံဆိပ်ရိုက်ပြီးသား ရက္ခိုင်ပြည်သို့ ပို့ထားသည့် စာအုပ်များကိုတော့ ဆက်လက် ထုတ်ပီးနီကြောင်း သိရသည်။
ယင်းသို့ နိုင်ငံကူးလက်မှတ်ထုတ်ပီးခြင်းကို ပိတ်ထားလိုက်သည့်အတွက် အကြောင်းကိစ္စအမျိုးမျိုးဖြင့် ပြည်ပသို့ ထွက်ခွာမည့်သူများ အခက်ကြုံနီကတ်ရသည်ဟုလေ့ သိရသည်။
Please follow and like us: