APM ၊ ဂျန်နဝါရီ ၅ / ၂၀၂၃
စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ဗမာပြည်အကျဉ်းထောင်အသီးသီးမှ နိုင်ငံရီးအကျဉ်းသား ၂၀၀ ကျော် ပါဝင်သည်ဟု နိုင်ငံရီးအကျဉ်းသားများ ကူညီစောင့်ယှောက်ရီးအသင်း(AAPP) က ထုတ်ပြန်ထားပြီး၊ ရက္ခိုင်ပြည် အကျဉ်းထောင်အသီးသီးမှ လွတ်လာလူထဲမှာတော့ နိုင်ငံရီးအကျဉ်းသား တယောက်ချေလေ့ မပါဝင်ကြောင်း သိရသည်။
စစ်ကောင်စီသည် ဂျန်နဝါရီ ၄ ရက်နိကျရောက်သည့် (၇၅)နှစ်မြောက်ဗမာပြည်လွတ်လပ်ရီးနိအထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနီကတ်ရသည့် အကျဉ်းသား ၇,၀၁၂ ယောက်ကို လွတ်ငြိမ်း ခွင့်အမိန့်ဖြင့် ပြန်လွှတ်ပီးခရာ ရက္ခိုင်ပြည်က ၃၁၆ ဦး ပါဝင်သည်ဟု သတင်းများက ဆိုသည်။
ယင်းအထဲတွင် ဗမာပြည်အကျဉ်းထောင်အသီးသီးမှ နိုင်ငံရီးအကျဉ်းသား ၂၀၀ ခန့်ပါဝင်ပြီး၊ လက်ဟိအချိန်အထိ နာမည်စာရင်းနန့်တကွ ပြန်လွှတ်လာသူ ၄၃ ယောက်ကို စားရင်းကောက်ယူရဟိထားကြောင်း AAPP က ထုတ် ပြန်ထားသည်။
ယေကေလေ့ ရက္ခိုင်ပြည်က လွှတ်လာလူထဲတွင် နိုင်ငံရီးအကျဉ်းသား တယောက်တလီချေတောင်မှ ပါမလာဟု သိရသည်။
ရက္ခိုင်ပြည်အကျဉ်းထောင်းများမှ လွတ်မြောက်လားသူများထဲ၌ သံတွဲထောင်မှ ၂၀၆ ယောက်၊ ကျောက်ဖြူထောင် မှ ၂၄ယောက်၊ စစ်တွေထောင်မှ ၅၇ ယောက်၊ ဘူးသီးတောင်ထောင်မှ ၂၉ ယောက် စုစုပေါင်း ၃၁၆ ယောက်ဖြစ်ပြီး ယင်းပြန်လွတ်လာသူများအားလုံးသည် ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ကျခံနီရသူများဖြစ်ကြောင်း သိဟိရပါသည်။
Photo – BNA