APM၊ ဂျန်နဝါရီ ၅ / ၂၀၂၃
ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးကာလ (ဒီဇမ်ဘာ ၂၉ ရက်နိ မှ ဂျန်နဝါရီ ၄ ရက်နိအထိ ၇ ရက်အတွင်း) ယာဉ်မတော် တဆမှုများကြောင့် လူပေါင်း ၃၁၇ ယောက် သီဆုံးပြီး၊ ၂,၄၃၇ ယောက် ဒဏ်ရာရခကြောင်း သိရသည်။
ထိုင်းနှစ်သစ်ကူးကာလ နိုင်ငံအနှံ့ ယာဉ်မတော်တဆမှုပေါင်း ၂,၄၄၀ ကြိမ်ဖြစ်ပွားခရာ၊ သီဆုံးသူ ၃၁၇ ယောက်ဟိ ပြီး၊ ဒဏ်ရာရဟိသူ ၂,၄၃၇ ယောက်ဟိကြောင်း ထိုင်းနိုင်ငံ ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကာကွယ်ရီးကော် မတီက ထုတ်ပြန်သည်။
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်၌ ယာဉ်မတော်တဆထိခိုက်မှု အများဆုံး ဖြစ်ပွားခပြီး၊ သီဆုံးသူအများဆုံးအဖြစ် ချင်းရိုင်ခရိုင်တွင် ၁၅ ယောက် သီဆုံးကာ၊ ဒဏ်ရာရသူအများဆုံးဖြစ်သည့် ကန်ချနဘူရီမှာ ၈၁ ယောက် ထိခိုက် ဒဏ်ရာ ရဟိခကြောင်း ဆိုသည်။
ယာဉ်မတော်တဆမှု အများဆုံးဖြစ်ရသည့် အကြောင်းရင်းမှာ ကားအယင်မောင်းခြင်း၊ အရက်သီစာ သောက်စား မူးယစ်ခြင်း နန့် ယာဉ်များကို စည်းကမ်းမဲ့ဖြတ်မောင်းခြင်းကြောင့် ဖြစ်ရသည်ဟု သိရသည်။
Photo – Bangkok Post