APM၊ စပ်တမ်ဘာ ၄ /၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးလာခရပြီးနောက် လက်ဟိအချိန် ပြန်မဆောက်နိုင်သည့် အိမ်ထောင်စု ပေါင်း ထောင်ချီ ကျန်နီသိမ့်ကြောင်း သိရသည်။
ယင်းနီအိမ်များမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ ကန်ချောင်း၊စပါးထား၊ အောင်ဖြူပြင်၊ ကျောက်ဆိပ်၊ ဂဏန်းတောင်၊ ပိုးရွှီပြင်၊ စပါးထား ၊သင်းပုန်းတန်း အပါအဝင်ကျေးရွာအများစု၌ ကျန်ဟိနီခြင်းဖြစ်ပြီး အများစုမှာ လက်လုပ်လက်စားဒေသခံများ၏ နီအိမ်များဖြစ်ကတ်သည်။
အဆိုပါ ဒေသခံများမှာ အကူအညီလာရောက်မှု နည်းပါးသည့်အပြင် ကိုယ်ထူကိုထ ပြန်ပျင်ရန်လည်း ငွေကြေး အခက်ကြုံနီကတ်ရသည်ဟုဆိုသည်။
ယင်းဒေသခံများသည် လက်ဟိ၌ နီးစပ်ရာ ဆွေမျိုးနီအိမ်များတွင် ခိုကပ်နီထိုင်နီကတ်ရပြီး တချို့မှာလည်း ယာယီတဲထိုးကာ ခက်ခက်ခဲခဲ နီထိုင်နီကတ်ရသည်။
ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ရက္ခိုင်ပြည်ဟိ မုန်တိုင်းသင့်မြို့နယ်များ၌ လက်ဟိအချိန်ထိ အိမ်ပြန်မပျင်နိုင်သိမ့်သည့် နီအိမ်များ ကျန်နီသိမ့်ပြီး အများစုမှာ လက်လုပ်လက်စား ပြည်သူများဖြစ်ကာ အကူအညီရဟိရန် မျှော်လင့်နီကတ်ကြောင်း သိရသည်။