APM၊ စပ်တမ်ဘာ ၄ / ၂၀၂၃
အင်ဒိုနီးသျှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအရေးနန့်ပတ်သက်၍ ဆွေးနွေးမည်ဟု စင်ကာပူဝန်ကြီးချုပ်ရုံးက ဒေနိ(စပ်တမ်ဘာ ၄ရက်)နိတွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် အစည်းအဝေးသို့ စင်ကာပူဝန်ကြီးချုပ် လီချန်လွန်းဦးဆောင်တက်ရောက်မည်ဖြစ်ပြီး မြန်မာပြည်အရေး အပါအဝင် ဒေသတွင်းနန့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်း ဖလှယ်လားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံဂေါင်းဆောင်များအနီနန့်ဒစ်ဂျစ်တယ်စီးပွားရီးနန့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရီးကို အဓိကထား ဆွေးနွေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာအရေးနန့် ဖြီယှင်းနိုင်ရန် အာဆီယံအနီနန့် အစည်းအဝေးတွင် ဆွေးနွေးအဖြေရှာမည်ဖြစ်ပြီး အင်ဒိုနီးသျှားအနီနန့် ကြိုးပမ်း ဆောင်ရွက်လားမည်ကြောင်း အင်ဒိုနီးသျှားနိုင်ငံခြားရီးဝန်ကြီး ရတ်နိုမာဆူဒီကလေ့ ဒေနိကျင်းပသည့် အာဆီယံ နိုင်ငံခြားရီး ဝန်ကြီးအစည်းအဝေးအဖွင့် မိန့်ခွန်းတွင် ပြောကြားသည်။
အစည်းအဝေးကို စပ်တမ်ဘာ ၅ရက်နိမှ ၇ ရက်နိအထိ ဂျာကာတာမြို့တွင် ၃ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံများ အပြင် ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနန့် အမေရိကန်နိုင်ငံရို့မှလေ့ အကြီးအကဲများ တက်ရောက်ကာ သီးခြားအစည်းအဝေးများ ပြု လုပ်လားမည်ဖြစ်ကြောင်း သိဟိရသည်။
Source – PM Lee to attend 43rd ASEAN summit in Jakarta, with Myanmar crisis and China’s new map under the spotlight
Photo – Ministry of Communications and Information, Prime Ministers Office